1 ထာဝရဘုရားသည်ထိုနှစ်သတ္တမလနှစ် ဆယ့်တစ်ရက်နေ့၌ ပရောဖက်ဟ္ဂဲမှတစ်ဆင့် ထာဝရဘုရား၏နှုတ်ကပတ်တော်က၊-
2 ကိုယ်တော်ကဟ္ဂဲအားဤသို့ပြောကြားစေ တော်မူပါ၏။ ကိုယ်တော်က၊ သင်သည်ယုဒ ဘုရင်ခံဇေရုဗဗေလ၊ ယဇ်ပုရောဟိတ် မင်းယောဇဒတ်၏သားယောရှုနှင့်ကျန် ကြွင်းသောပြည်သူတို့အား၊-
3 ``ယခင်အခါကဗိမာန်တော်သည်အဘယ်မျှ တင့်တယ်လှပတော်မူခဲ့ကြောင်းကို မှတ်မိသူ တစ်စုံတစ်ယောက်သင်တို့တွင်ရှိပါသလော။ ယခုအခါဤဗိမာန်တော်ကိုသင်တို့အဘယ် သို့တွေ့မြင်ကြရပါသနည်း၊ ယင်းသည် ဘာမျှမဟုတ်သကဲ့သို့ဖြစ်၍နေပေမည်။-''
4 သို့ရာတွင် အို ပြည်သူအပေါင်းတို့၊ စိတ်အား မငယ်ကြနှင့်။ ငါသည်သင်တို့နှင့်အတူရှိ သည်ဖြစ်၍မိမိတို့လုပ်ဆောင်ရန်ရှိသည့် အမှုကိုသာသင်တို့လုပ်ဆောင်ကြလော့''ဟု အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့် တော်မူ၏။-