ဟ္ဂဲ 2:19-23 BCL

19 သင်​တို့​တွင်​ဂျုံ​စ​ပါး​မ​ကျန်​မ​ရှိ​တော့​ဘဲ စ​ပျစ်​ပင်​များ၊ သ​ဖန်း​ပင်​များ​နှင့်​သံ​လွင် ပင်​များ​လည်း​အ​သီး​မ​သီး​ကြ​သေး။ သို့ ရာ​တွင်​ငါ​သည်​ယ​ခု​မှ​စ​၍​သင်​တို့​အား ကောင်း​ချီး​ပေး​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။

20 ထို​လ​နှစ်​ဆယ့်​လေး​ရက်​နေ့​၌​ပင်​လျှင် ဒု​တိ​ယ​အ​ကြိမ်၊ ထာ​ဝ​ရ​ဘု​ရား​၏ နှုတ်​က​ပတ်​တော်​သည်​ဟ္ဂဲ​အား၊-

21 ယု​ဒ​ဘု​ရင်​ခံ​ဇေ​ရု​ဗ​ဗေ​လ​အ​တွက် ကိုယ် တော်​က``ငါ​သည်​မိုး​ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ ကြီး​ကို​တုန်​လှုပ်​စေ​၍၊-

22 တိုင်း​နိုင်​ငံ​တို့​ကို​ဖြို​ခွင်း​ကာ​သူ​တို့​၏​တန် ခိုး​အာ​ဏာ​ကို​ပျက်​သုဉ်း​စေ​မည်။ စစ်​မြင်း ရ​ထား​များ​ကို​ရ​ထား​ထိန်း​များ​နှင့်​တ​ကွ မှောက်​လှန်​ပစ်​မည်။ မြင်း​တို့​သည်​သေ​ကြ လိမ့်​မည်။ မြင်း​စီး​သူ​ရဲ​တို့​သည်​လည်း အ​ချင်း​ချင်း​သတ်​ဖြတ်​ကြ​လိမ့်​မည်။-

23 ငါ​၏​ကျွန်​ရင်း​ဇေ​ရု​ဗ​ဗေ​လ၊ ထို​နေ့​၌ ငါ​သည်​သင့်​ကို​ခေါ်​ယူ​ကာ​ငါ့​ကိုယ်​စား အုပ်​ချုပ်​စေ​မည်။ သင်​ကား​ငါ​ရွေး​ချယ်​ထား သော​သူ​ပေ​တည်း'' ဟု​မိန့်​တော်​မူ​ပါ​၏။ ဤ ကား​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။ ပ​ရော​ဖက်​ဟ္ဂဲ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။