အာ​မုတ် 3:5-11 BCL

5 အ​စာ​မ​ပါ​သော​ကျော့​ကွင်း​ဖြင့်​ကောင်း​ကင်​မှ ငှက်​တစ်​ကောင်​ကို​ထောင်​ဖမ်း​နိုင်​သ​လော။တစ်​စုံ​တစ်​ရာ​ကို​ဖမ်း​မိ​သော​ကြောင့်​သာ ကျော့​ကွင်း​ပြုတ်​သွား​ရ​သည်​မ​ဟုတ်​လော။

6 မြို့​တွင်း​၌​စစ်​ခ​ရာ​သံ​ကို​ကြား​ရ​လျှင် မြို့​သား​တို့​သည် မ​ထိတ်​လန့်​ဘဲ​နေ​လိမ့် မည်​လော။ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​သော​ကြောင့်​သာ​လျှင် မြို့​ထဲ​သို့​ဘေး​ဒုက္ခ​ကျ​ရောက်​လာ​ရ​သည် မ​ဟုတ်​လော။

7 အ​ကယ်​စင်​စစ်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​အ​ကြံ​တော်​ကို မိ​မိ​၏​ကျွန်​ပ​ရော​ဖက် တို့​အား​မ​ဖော်​ပြ​ဘဲ​မည်​သည့်​အ​မှု​ကို​မျှ ပြု​တော်​မ​မူ။

8 ခြင်္သေ့​ဟောက်​လိုက်​လျှင်​မည်​သူ​မ​ကြောက်​ဘဲ နေ​နိုင်​သ​နည်း။အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​လျှင် မည် သူ​က​ဗျာ​ဒိတ်​တော်​ကို​မ​ကြွေး​ကြော်​ဘဲ နေ​နိုင်​မည်​နည်း။

9 အာ​ဇုတ်​နှင့်​အီ​ဂျစ်​ပြည်​ဘုံ​နန်း​များ​တွင်​စံ နေ​သူ​အ​ပေါင်း​တို့​အား ဤ​သို့​ကြေ​ငြာ​လော့။ ``ရှ​မာ​ရိ​မြို့​ပတ်​လည်​ရှိ​တောင်​များ​ပေါ်​၌ စု​ရုံး​လာ​ပြီး ထို​မြို့​ထဲ​၌​ကူး​လွန်​နေ​သော ပြစ်​မှု​များ​နှင့်​ဖြစ်​ပေါ်​နေ​သည့်​ယို​ယွင်း​မှု ကြီး​ကို​ရှု​စား​ကြ​လော့။''

10 ထာ​ဝ​ရ​ဘု​ရား​က``သူ​တို့​သည်​သူ​တို့​၏ ဘုံ​နန်း​များ​ကို​မ​တ​ရား​လု​ယက်၊ အ​ကြမ်း ဖက်​ပြီး​မှ​ရ​ယူ​ခဲ့​သော​ပစ္စည်း​တို့​ဖြင့်​ပြည့် စေ​ခဲ့​ပြီ။ သူ​တို့​သည်​သစ္စာ​သ​ဘော​ကို​ပင် နား​မ​လည်​တော့​ပေ။-

11 သို့​ကြောင့်​ရန်​သူ​တစ်​နိုင်​ငံ​သည်​သူ​တို့​၏ မြို့​များ​ကို​ဝိုင်း​ရံ​၍ သူ​တို့​၏​ခံ​တပ်​များ ကို​ဖြို​ခွင်း​လိုက်​မည်။ သူ​တို့​၏​ဘုံ​နန်း​များ ကို​လည်း​လု​ယက်​ဖျက်​ဆီး​လိမ့်​မည်'' ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။