အာ​မုတ် 4:1-5 BCL

1 အား​နွဲ့​သူ​များ​ကို​ညှင်း​ဆဲ​ပြီး​ဆင်း​ရဲ သူ​များ​ကို​ဖိ​နှိပ်​၍ မိ​မိ​လင်​တို့​အား​ငါ တို့​သောက်​ဖို့​အ​ရက်​ယူ​ခဲ့​ဟု​အ​မိန့်​ပေး လျက်၊ အ​စား​ကောင်း​စား​ရ​သော​ဗာ​ရှန် နွား​မ​များ​ကဲ့​သို့ ဝ​ဖီး​နေ​ကြ​သည့်​ရှ​မာ​ရိ မိန်း​မ​တို့​ဤ​စ​ကား​ကို​နား​ထောင်​လော့။-

2 အ​ထွတ်​ဘု​ရင်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ကြောင့် ဤ​သို့ လျှင်​ကတိ​သစ္စာ​ပြု​လေ​ပြီ။ ထာ​ဝ​ရ​ဘု​ရား က``သူ​တို့​သည်​သင်​တို့​ကို​ငါး​မျှား​ချိတ် ဖြင့်​ဒ​ရွတ်​တိုက်​ဆွဲ​သွား​သော​နေ့​များ​ရောက် လိမ့်​မည်။ သင်​တို့​ရှိ​သ​မျှ​သည်​ငါး​မျှား ထိပ်​၌ အ​ချိတ်​ခံ​နေ​ရ​သော​ငါး​ကဲ့​သို့​ဖြစ် ကြ​လိမ့်​မည်။-

3 သင်​တို့​ကို​အ​နီး​ဆုံး​မြို့​နံ​ရံ​ပျက်​အ​ပေါက် သို့​ဆွဲ​သွား​ပြီး​အ​ပြင်​သို့​လွှင့်​ပစ်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

4 အ​ထွတ်​ဘု​ရင်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင် က``အို ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ဗေ​သ​လ ရှိ​သန့်​ရှင်း​ရာ​အ​ရပ်​သို့​သွား​၍​ပြစ်​မှား​ကြ လော့။ ဂိ​လ​ဂါ​လ​မြို့​သို့​သွား​ပြီး​အ​စွမ်း ကုန်​ပြစ်​မှား​ကြ​လော့။ ပူ​ဇော်​ရာ​ယဇ်​ကောင် များ​ကို​နံ​နက်​တိုင်း​ယူ​ဆောင်​ခဲ့​လော့။ သုံး ရက်​နေ့​တိုင်း​တွင်​ဥစ္စာ​ဆယ်​ဖို့​တစ်​ဖို့​ကို ဆောင်​ခဲ့​ကြ​လော့၊-

5 ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​မုန့်​ကို​ဆက်​ခါ ဆက်​ခါ​ပေး​လှူ​ကြ​လော့။ အ​လို​အ​လျောက် ပေး​လှူ​နေ​ကြောင်း​ကို​လည်း သင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ထုတ်​ဖော်​ကြေ​ငြာ​၍​ဝါ​ကြွား ကြ​လော့။ ဤ​သို့​ပြု​ခြင်း​ကို​သင်​တို့​မြတ်​နိုး လှ​၏​ဟု​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​၏။