အာ​မုတ် 4:3-9 BCL

3 သင်​တို့​ကို​အ​နီး​ဆုံး​မြို့​နံ​ရံ​ပျက်​အ​ပေါက် သို့​ဆွဲ​သွား​ပြီး​အ​ပြင်​သို့​လွှင့်​ပစ်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

4 အ​ထွတ်​ဘု​ရင်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင် က``အို ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ဗေ​သ​လ ရှိ​သန့်​ရှင်း​ရာ​အ​ရပ်​သို့​သွား​၍​ပြစ်​မှား​ကြ လော့။ ဂိ​လ​ဂါ​လ​မြို့​သို့​သွား​ပြီး​အ​စွမ်း ကုန်​ပြစ်​မှား​ကြ​လော့။ ပူ​ဇော်​ရာ​ယဇ်​ကောင် များ​ကို​နံ​နက်​တိုင်း​ယူ​ဆောင်​ခဲ့​လော့။ သုံး ရက်​နေ့​တိုင်း​တွင်​ဥစ္စာ​ဆယ်​ဖို့​တစ်​ဖို့​ကို ဆောင်​ခဲ့​ကြ​လော့၊-

5 ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​မုန့်​ကို​ဆက်​ခါ ဆက်​ခါ​ပေး​လှူ​ကြ​လော့။ အ​လို​အ​လျောက် ပေး​လှူ​နေ​ကြောင်း​ကို​လည်း သင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ထုတ်​ဖော်​ကြေ​ငြာ​၍​ဝါ​ကြွား ကြ​လော့။ ဤ​သို့​ပြု​ခြင်း​ကို​သင်​တို့​မြတ်​နိုး လှ​၏​ဟု​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​၏။

6 ``ငါ​သည်​သင်​တို့​မြို့​ရွာ​တိုင်း​၌​ငတ်​မွတ် ခြင်း​ဘေး​ကျ​ရောက်​စေ​လျက်​နှင့်​သင်​တို့ သည်​ငါ့​ထံ​သို့​ပြန်​မ​လာ​ကြ။-

7 သင်​တို့​ပျိုး​ပင်​အ​တွက်​မိုး​ရေ​အ​လို​ဆုံး သော​အ​ချိန်​တွင်​ငါ​သည်​မိုး​ခေါင်​စေ​ခဲ့​၏။ တစ်​မြို့​ပေါ်​၌​သာ​ရွာ​သွန်း​စေ​ပြီး​ကျန်​တစ် မြို့​ပေါ်​သို့​မ​ရွာ​စေ​ရန် တား​ခဲ့​သူ​မှာ​ငါ​ပင် ဖြစ်​၏။ လယ်​တစ်​ခင်း​သည်​မိုး​ကို​ရ​၍​ကျန် တစ်​ခင်း​မှာ​မူ​သွေ့​ခြောက်​ခဲ့​လေ​ပြီ။-

8 ရေ​ငတ်​လွန်း​သ​ဖြင့်​အ​ချို့​မြို့​မှ​မြို့​သား​တို့ သည် အ​နီး​အ​နား​မြို့​သို့​ပင်​ပန်း​ကြီး​စွာ​နှင့် ရေ​ရှာ​ထွက်​ကြ​သော်​လည်း သောက်​စ​ရာ​ဘို့ အ​လုံ​အ​လောက်​မ​ရ​ခဲ့​ကြ။ သို့​သော်​လည်း သင်​တို့​သည် ငါ့​ထံ​သို့​ပြန်​မ​လာ​ဘဲ​နေ ကြ​လေ​ပြီ။

9 ``ငါ​သည်​လေ​ပူ​ကို​တိုက်​ခတ်​စေ​၍​သင်​တို့ ၏​ကောက်​ပင်​များ​နွမ်း​ခြောက်​စေ​ခဲ့​၏။ သင်​တို့ ၏​သ​ဖန်း​ပင်၊ သံ​လွင်​ပင်၊ စ​ပျစ်​ဥ​ယျာဉ်​နှင့် ကိုင်း​ကျွန်း​လယ်​ယာ​တို့​သည် ကျိုင်း​ကောင်​များ ဒဏ်​ကို​ခံ​ခဲ့​ရ​ပြီ။ သို့​သော်​လည်း​သင်​တို့​သည် ငါ့​ထံ​သို့​ပြန်​မ​လာ​ဘဲ​နေ​ကြ​လေ​ပြီ။