အာ​မုတ် 5:15-21 BCL

15 အ​ဆိုး​ကို​မုန်း​၍​အ​ကောင်း​ကို​မြတ်​နိုး လော့။ ရုံး​တော်​များ​၌​တ​ရား​မျှ​တ​မှု​ရှိ စေ​ရန်​စောင့်​ရှောက်​ကြ​လော့။ ကောင်း​ကင်​ဗိုလ် ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည် ယော​သပ်​အ​မျိုး​သား​အ​နက်​အ​သက်​ရှင် လျက်​ကျန်​ရစ်​သူ​အ​ချို့​ကို သ​နား​ကောင်း သ​နား​တော်​မူ​လိမ့်​မည်။

16 ထို့​ကြောင့်​ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​သ​ခင်​က``မြို့​ပေါ်​ရှိ​လမ်း​အ​သွယ်​သွယ် တို့​၌​ကြေ​ကွဲ​စ​ရာ​ငို​ကြွေး​သံ၊ စျေး​ရပ်​ကွက် တို့​၌​ညည်း​ညူ​သံ​များ​ကို​ကြား​ရ​တော့​မည်။ ငို​ချင်း​သည်​များ​နှင့်​အ​တူ​လာ​ရောက်​ငို ကြွေး​ရန် လယ်​သ​မား​များ​ကို​ပါ​ခေါ်​ကြ လိမ့်​မည်။-

17 စ​ပျစ်​ခြံ​တိုင်း​မှ​ငို​ကြွေး​သံ​များ​ပေါ် ထွက်​လာ​မည်။ ငါ​သည်​သင်​တို့​ကို​အ​ပြစ် ပေး​ရန်​ကြွ​လာ​ပြီး​ဖြစ်​သော​ကြောင့် ဤ​သို့ ဖြစ်​ရ​လိမ့်​မည်'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​၏။

18 ထာ​ဝ​ရ​ဘု​ရား​၏​နေ့​တော်​ကို​စောင့်​မျှော် နေ​သူ​များ​အ​တွက် အ​လွန်​ကြောက်​စ​ရာ ကောင်း​လှ​ပါ​သည်​တ​ကား။ ထို​နေ့​တော် သည်​သင်​တို့​ကို​မည်​သို့​လျှင်​အ​ကျိုး​ပြု နိုင်​မည်​နည်း။ အ​လင်း​မ​ရှိ​ဘဲ​အ​မှောင်​ဖုံး သော​နေ့​သာ​လျှင်​ဖြစ်​လိမ့်​မည်။-

19 ထို​နေ့​သည်​သင်​တို့​အ​တွက်​ခြင်္သေ့​ကို​ကြောက် ၍ ထွက်​ပြေး​ခါ​မှ​ဝက်​ဝံ​နှင့်​တွေ့​သ​ကဲ့​သို့ လည်း​ကောင်း၊ အိမ်​ပြန်​ရောက်​ခါ​မှ​နံ​ရံ​ကိုင် မိ​၍ မြွေ​အ​ကိုက်​ခံ​ရ​သ​ကဲ့​သို့​လည်း ကောင်း​ဖြစ်​လိမ့်​မည်။-

20 ထာ​ဝ​ရ​ဘု​ရား​၏​နေ့​တော်​သည်​အ​လင်း မ​ရ​ဘဲ အ​မှောင်​ကျ​သော​နေ့​ဖြစ်​လိမ့်​မည်။ ထွန်း​တောက်​ခြင်း​အ​လျှင်း​မ​ရှိ​ဘဲ အ​မှောင်​ထု ကြီး​ဖုံး​နေ​သော​နေ့​သာ​လျှင်​ဖြစ်​လိမ့်​မည်။

21 ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​၏​ဘု​ရား​ပွဲ များ​ကို​ငါ​မုန်း​၏။ ထို​ပွဲ​များ​ကို​မ​ခံ​နိုင် လောက်​အောင်​ပင်​ရွံ​ရှာ​၏။-