အာ​မုတ် 5:4-10 BCL

4 ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည်​သား တို့​အား​ငါ့​ထံ​သို့​ပြန်​လာ​ကြ​လော့။ သို့​ပြု လျှင်​သင်​တို့​သည်​အ​သက်​ချမ်း​သာ​လိမ့်​မည်။-

5 ဗေ​ရ​ရှေ​ဘ​မြို့​သို့​သွား​၍​မ​ကိုး​ကွယ်​လေ နှင့်။ ငါ့​ကို​တွေ့​ရန်​ဗေ​သ​လ​မြို့​၌​လည်း​မ​ရှာ ကြ​နှင့်။ ဗေ​သ​လ​မြို့​သည်​အ​ချည်း​နှီး​ဖြစ် ရ​တော့​မည်။ ဂိ​လ​ဂါ​လ​မြို့​သို့​လည်း​မ​သွား နှင့်။ ထို​မြို့​သား​တို့​သည်​ပြည်​ပ​သို့​ဖမ်း​သွား ခြင်း​ကို​အ​မှန်​ပင်​ခံ​ရ​လိမ့်​မည်။''

6 ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​သွား​လော့။ သို့​ပြု လျှင်​အ​သက်​ချမ်း​သာ​လိမ့်​မည်။ ထို​သို့​မ ပြု​လျှင်​ကိုယ်​တော်​အ​ရှင်​သည်​မီး​ကဲ့​သို့ ရွာ​သွန်း​လာ​ပြီး ယော​သပ်​အ​မျိုး​အ​နွယ် တို့​ကို​လောင်​ကျွမ်း​လိမ့်​မည်။ ဗေ​သ​လ​မြို့ သား​များ​ကို​လောင်​ကျွမ်း​ကုန်​၍​ထို​မီး ကို​မည်​သူ​က​မျှ​မ​ငြိမ်း​သတ်​နိုင်​ချေ။-

7 လူ​သား​တို့​၏​ရ​ပိုင်​ခွင့်​များ​ကို​မ​တ​ရား ပိတ်​ပင်​၍ တ​ရား​မျှ​တ​မှု​ကို​မှောက်​လှန်​နေ ကြ​သူ​တို့၊ သင်​တို့​သည်​ကြမ္မာ​ဆိုး​နှင့်​မ​လွဲ မ​သွေ​ကြုံ​ရ​တော့​မည်​ဟု​မိန့်​တော်​မူ​၏။

8 ထာ​ဝ​ရ​ဘု​ရား​သည်​ကြယ်​တာ​ရာ အ​ပေါင်း​တို့​ကို ဖန်​ဆင်း​တော်​မူ​၏။ခိ​မ​ကြယ်​စု​နှင့်​ခ​သိ​လ​ကြယ်​စု​ကို​လည်း ဖန်​ဆင်း​တော်​မူ​ခဲ့​ပြီ။အ​မှောင်​ကို​အ​လင်း​ဖြစ်​စေ​၍​နေ့​ကို​လည်း ည​အ​ဖြစ်​သို့​ပြောင်း​လဲ​ခဲ့​ပြီ။ပင်​လယ်​ရေ​အ​ပေါင်း​တို့​ကို​ခေါ်​ယူ​ကာ မြေ​ကြီး​ပေါ်​မှာ​သွန်း​တော်​မူ​ခဲ့​ပြီ။ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​မှာ​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။

9 ကိုယ်​တော်​သည်​ခွန်​အား​ကြီး​သူ​တို့​နှင့် ခံ​တပ်​များ​ကို​ဖြို​ဖျက်​ခဲ့​ပြီ။

10 ရုံး​တော်​များ​၌​မ​တ​ရား​မှု​ကို​ရှုတ်​ချ​ကာ အ​မှန်​ကို​သာ​ပြော​သူ​တို့​ကို​သင်​တို့​သည် မုန်း​ကြ​၏။-