အာ​မုတ် 9:12-15 BCL

12 သို့​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကျန်​ကြွင်း​သ​မျှ​သော​ဧ​ဒုံ​ပြည်​ကို​လည်း ကောင်း၊ တစ်​ချိန်​က​ငါ​ပိုင်​စိုး​ခဲ့​သော​နိုင်​ငံ တိုင်း​ကို​လည်း​ကောင်း​ပြန်​လည်​သိမ်း​ပိုက်​ခွင့် ရ​လိမ့်​မည်'' ဟု​ဤ​အ​မှု​ကို​ဖြစ်​စေ​မည့် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။

13 ထာ​ဝ​ရ​ဘု​ရား​က``စ​ပါး​ရိတ်​၍​မ​မီ​နိုင်​လောက်​အောင်​ပင် ပျိုး​က​သန်​လှ​သည့်​အ​ချိန်​ကာ​လ​နှင့်စ​ပျစ်​ရည်​လုပ်​နိုင်​သည်​ထက်​စ​ပျစ်​သီး​များ လှိုင်​နေ​သော​နေ့​ရက်​များ​ရောက်​လာ​မည်။တောင်​တန်း​ကြီး​ငယ်​တို့​မှ​စ​ပျစ်​ရည်​ချို စီး​ယို​နေ​သော အ​ချိန်​ကာ​လ​ရောက်​လာ​မည်။

14 ငါ​သည်​ငါ​၏​လူ​မျိုး​တော်​ကို​နေ​ရင်း ပြည်​သို့ ပြန်​လည်​ဆောင်​ယူ​လာ​မည်။သူ​တို့​သည်​ပြို​လဲ​နေ​သော​မြို့​များ​ကို ပြန်​လည်​တည်​ဆောက်​ကြ​၍ထို​မြို့​များ​၌​ပြန်​လည်​နေ​ထိုင်​ခွင့်​ရ​ကြ လိမ့်​မည်။စ​ပျစ်​ခြံ​များ​ကို​စိုက်​ပျိုး​၍​စ​ပျစ်​ရည် သောက်​ခွင့်​ရ​ကြ​လိမ့်​မည်။ဥ​ယျာဉ်​များ​ကို​စိုက်​ပျိုး​ကြ​၍ကိုယ်​တိုင်​စိုက်​သော​သီး​နှံ​တို့​ကို​ကိုယ်​တိုင် စား​ရ​သော​အ​ခွင့်​ရ​ကြ​လိမ့်​မည်။

15 ငါ​သည်​ငါ​၏​လူ​မျိုး​တော်​ကို​ငါ​ပေး​ခဲ့​သော နေ​ရင်း​ပြည်​၌​ပင်​နေ​ထိုင်​စေ​မည်။အ​ဘယ်​သူ​မျှ​သူ​တို့​ကို​နောက်​တစ်​ဖန် ဆွဲ​နုတ်​ခြင်း​မ​ခံ​စေ​ရ'' ဟုသင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပြီ။ ပ​ရော​ဖက်​အာ​မုတ်​စီ​ရင်​ရေး​သား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။