18 မိဖုရား၏အပြုအမူကိုကြားသိရ သည့်ပေရသိနှင့် မေဒိမှူးမတ်ကတော်တို့ သည်နေမဝင်မီမှူးမတ်တို့အား ထိုအကြောင်း ကိုပြောကြားကြပါလိမ့်မည်။ အမျိုးသမီး များသည်မိမိတို့ခင်ပွန်းတို့အားမထီ မဲ့မြင်ပြု၍ အမျိုးသားတို့သည်မိမိတို့ ၏ဇနီးတို့အားဒေါသအမျက်ထွက်ကြ လိမ့်မည်။-
19 အရှင်မင်းကြီးသဘောတူတော်မူပါလျှင် ဝါရှတိမိဖုရားအားနောင်အဘယ်အခါ ၌မျှ ရှေ့တော်သို့ဝင်ခွင့်မပြုကြောင်းရာဇ အမိန့်ကြေငြာချက်ကိုထုတ်ပြန်တော်မူ ပါ။ ထိုအမိန့်တော်ကိုနောင်အဘယ်အခါ ၌မျှမပြောင်းမလဲနိုင်စိမ့်သောငှာ ပေရသိ၊ မေဒိဋ္ဌမ္မသတ်များတွင်ထည့်သွင်းရေးမှတ် ၍ထားတော်မူပါ။ ထိုနောက်မိဖုရား၏ ရာထူးကို သူ့ထက်သာသည့်အမျိုးသမီး တစ်ဦးအားချီးမြှင့်တော်မူပါ။-
20 အရှင်၏အမိန့်တော်ကို ဤကျယ်ဝန်းသည့် အင်ပါယာနိုင်ငံတော်တစ်လျှောက်လုံးတွင် ကြေညာလိုက်သောအခါ အမျိုးသမီး အပေါင်းတို့သည်မိမိတို့၏ခင်ပွန်းများ အားဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည် ဖြစ်စေရိုသေကြပါလိမ့်မည်'' ဟုလျှောက် ၏။
21 မင်းကြီးနှင့်မှူးမတ်တို့သည် ဤစကားကို နှစ်သက်သဘောကျကြ၏။ သို့ဖြစ်၍မင်း ကြီးသည်မမုကန်အကြံပေးသည့် အတိုင်းပြုတော်မူ၏။-
22 သူသည်မိမိ၏နယ်ပယ်ရှိသမျှတို့သို့သံ တမန်များကိုစေလွှတ်၍ ဒေသဆိုင်ရာဘာ သာစကားဖြင့်``ခင်ပွန်းဖြစ်သူသည် မိမိအိမ် ထောင်တွင်ဦးစီးခေါင်းဆောင်ဖြစ်စေရမည်။ သူ၏စကားကိုမလွန်ဆန်ရ'' ဟူ၍အမိန့် ထုတ်ပြန်တော်မူ၏။