7 မင်းကြီးသည်စပျစ်ရည်ကိုရွှေဖလားများ နှင့်ထည့်၍တိုက်စေတော်မူ၏။ ထိုဖလားတို့ သည်တစ်ခုနှင့်တစ်ခုဆင်သည်ဟူ၍မရှိ ပေ။ စပျစ်ရည်ကိုရက်ရောစွာတိုက်စေတော် မူ၏။-
8 အကန့်အသတ်မရှိဘဲ လူတိုင်းအလိုရှိ သလောက်သောက်သုံးနိုင်စေရန် နန်းတော် အစေခံတို့အားမိန့်မှာထားတော်မူ၏။
9 ထိုအတောအတွင်း၌ဝါရှတိမိဖုရားသည် လည်းနန်းတွင်း၌ အမျိုးသမီးများအားစား သောက်ပွဲကြီးကိုတည်ခင်းကျွေးမွေးလျက် နေပေသည်။
10 ပွဲတော်သတ္တမနေ့ရက်ရောက်သောအခါ မင်း ကြီးသည်စပျစ်ရည်သောက်၍ရွှင်လန်းသော အခါ အပါးတော်မြဲမိန်းမစိုးခုနစ်ယောက် ဖြစ်ကြသောမဟုမန်၊ ဗိဇသ၊ ဟာဗောန၊ ဗိဂသ၊ အဗာဂသ၊ ဇေသာ၊ ကာကတ်တို့ ကိုခေါ်ယူကာ၊-
11 မိဖုရားဝါရှတိအားရာဇသရဖူဆောင်း စေ၍ ရှေ့တော်သို့သွင်းရန်အမိန့်ပေးတော် မူ၏။ မိဖုရားသည်အဆင်းလှသောအမျိုး သမီးဖြစ်သဖြင့် မင်းကြီးသည်သူ၏အဆင်း ကိုမှူးမတ်များနှင့်ဧည့်သည်တော်အပေါင်း တို့အားပြစားလိုပေသည်။-
12 သို့ရာတွင်ဝါရှတိသည်ဘုရင့်အမိန့်တော် ကိုဖီဆန်၍ ရှေ့တော်သို့မဝင်ဘဲနေသဖြင့် မင်းကြီးသည်အမျက်ဒေါသခြောင်းခြောင်း ထွက်တော်မူလေသည်။
13 ဘုရင်တို့မည်သည် ငြိမ်ဝပ်ပိပြားရေးဆိုင် ရာပြဿနာများနှင့်ပတ်သက်၍ တရား ဥပဒေသကျွမ်းကျင်သူတို့၏အကြံ ဉာဏ်ကိုတောင်းခံကြစမြဲဖြစ်သည်နှင့် အညီ မင်းကြီးသည်ဤအမှုကိစ္စတွင် အဘယ်သို့ဆောင်ရွက်သင့်သည်ကိုမေး မြန်းရန်အကြံပေးအရာရှိများကို ခေါ်ယူတော်မူ၏။-