ဧ​သ​တာ 2:11-17 BCL

11 နေ့​စဉ်​နေ့​တိုင်း​ပင်​မော်​ဒ​ကဲ​သည်​ဧ​သ​တာ ၏​အ​ခြေ​အ​နေ​ကို​လည်း​ကောင်း၊ သူ့​အား အ​ဘယ်​သို့​ပြု​ကြ​မည်​ကို​လည်း​ကောင်း​သိ​ရှိ နိုင်​ရန် အ​ပျို​တော်​ဆောင်​ဝင်း​ရှေ့​၌​ခေါက်​တုန့် ခေါက်​ပြန်​လျှောက်​လျက်​နေ​တတ်​၏။

12 အ​မျိုး​သ​မီး​များ​အ​တွက် ပြု​လုပ်​နေ​ကျ အ​လှ​ပြု​ပြင်​မှု​မှာ​တစ်​နှစ်​မျှ​ကြာ​လေ သည်။ သူ​တို့​အား​မု​ရန်​ဆီ​ဖြင့်​ခြောက်​လ၊ သစ်​ဆီ​မွှေး​ဖြင့်​နောက်​ထပ်​ခြောက်​လ​နှိပ်​နယ် ပေး​ရ​၏။ ထို​နောက်​အ​မျိုး​သ​မီး​များ​သည် တစ်​ယောက်​ပြီး​တစ်​ယောက်​အ​လှည့်​ကျ ဇေ​ရဇ်​မင်း​၏​အ​ထံ​တော်​သို့​ဝင်​ကြ​ရ သည်။-

13 အ​လှည့်​ကျ​သူ​သည်​အ​ပျို​တော်​ဆောင်​မှ နန်း​တော်​သို့​သွား​သော​အ​ခါ မိ​မိ​နှစ်​သက် ရာ​အ​ဝတ်​အ​စား​များ​ကို​ဝတ်​ဆင်​နိုင်​၏။-

14 သူ​သည်​ညဥ့်​ဦး​အ​ချိန်​၌​နန်း​တော်​သို့​ဝင် ရ​၍​နောက်​တစ်​နေ့​နံ​နက်​၌ ဘု​ရင့်​မိန်း​မ​စိုး ရှာ​ရှ​ဂါ​ဇ​အုပ်​ချုပ်​သည့်​မောင်း​မ​တော်​ဆောင် သို့​ပြန်​ရ​လေ​သည်။ မင်း​ကြီး​သည်​မြတ်​နိုး​၍ နာ​မည်​အား​ဖြင့်​ခေါ်​တော်​မ​မူ​လျှင် နောက် တစ်​ဖန်​မင်း​ကြီး​ထံ​သို့​မ​ဝင်​ရ။

15 အ​ဘိ​ဟဲ​လ​၏​သ​မီး၊ မော်​ဒ​ကဲ​၏​ဝမ်း​ကွဲ နှ​မ​နှင့်​မွေး​စား​သ​မီး၊ မြင်​သူ​တိုင်း​ချီး​မွမ်း ခံ​ရ​သည့်​ဧ​သ​တာ​သည်​မင်း​ကြီး​ထံ​တော် သို့​ဝင်​ရန်​အ​လှည့်​ရောက်​သော​အ​ခါ အ​ပျို တော်​ဆောင်​အုပ်၊ မိန်း​မ​စိုး​ဟေ​ဂဲ​အ​ကြံ ပေး​သည့်​အ​ဝတ်​အ​စား​ကို​ဝတ်​ဆင်​၍ သွား​လေ​သည်။-

16 ထို့​ကြောင့်​ဧ​သ​တာ​သည်​ဇေ​ရဇ်​မင်း​နန်း​စံ သတ္တ​မ​နှစ်​တေ​ဗက်​ခေါ်​ဒ​သ​မ​လ​၌ နန်း တော်​အ​တွင်း​ဇေ​ရဇ်​မင်း​၏​ရှေ့​တော်​သို့ ရောက်​ရှိ​သွား​၏။-

17 မင်း​ကြီး​သည်​သူ့​အား​အ​ခြား​အ​မျိုး သ​မီး​အ​ပေါင်း​တို့​ထက်​ပို​၍​နှစ်​သက်​တော် မူ​သ​ဖြင့် သူ​သည်​ရှေ့​တော်​တွင်​မျက်​နှာ​ပွင့် လန်း​လျက်​ချစ်​ခင်​မြတ်​နိုး​တော်​မူ​ခြင်း ကို​ခံ​ရ​လေ​သည်။ မင်း​ကြီး​သည်​သူ့​အား ရာ​ဇ​သ​ရ​ဖူ​ကို​ဆောင်း​၍​ပေး​ပြီး​လျှင် ဝါ​ရှ​တိ​၏​အ​စား​မိ​ဖု​ရား​မြှောက်​တော် မူ​၏။-