ဧ​သ​တာ 2:14-20 BCL

14 သူ​သည်​ညဥ့်​ဦး​အ​ချိန်​၌​နန်း​တော်​သို့​ဝင် ရ​၍​နောက်​တစ်​နေ့​နံ​နက်​၌ ဘု​ရင့်​မိန်း​မ​စိုး ရှာ​ရှ​ဂါ​ဇ​အုပ်​ချုပ်​သည့်​မောင်း​မ​တော်​ဆောင် သို့​ပြန်​ရ​လေ​သည်။ မင်း​ကြီး​သည်​မြတ်​နိုး​၍ နာ​မည်​အား​ဖြင့်​ခေါ်​တော်​မ​မူ​လျှင် နောက် တစ်​ဖန်​မင်း​ကြီး​ထံ​သို့​မ​ဝင်​ရ။

15 အ​ဘိ​ဟဲ​လ​၏​သ​မီး၊ မော်​ဒ​ကဲ​၏​ဝမ်း​ကွဲ နှ​မ​နှင့်​မွေး​စား​သ​မီး၊ မြင်​သူ​တိုင်း​ချီး​မွမ်း ခံ​ရ​သည့်​ဧ​သ​တာ​သည်​မင်း​ကြီး​ထံ​တော် သို့​ဝင်​ရန်​အ​လှည့်​ရောက်​သော​အ​ခါ အ​ပျို တော်​ဆောင်​အုပ်၊ မိန်း​မ​စိုး​ဟေ​ဂဲ​အ​ကြံ ပေး​သည့်​အ​ဝတ်​အ​စား​ကို​ဝတ်​ဆင်​၍ သွား​လေ​သည်။-

16 ထို့​ကြောင့်​ဧ​သ​တာ​သည်​ဇေ​ရဇ်​မင်း​နန်း​စံ သတ္တ​မ​နှစ်​တေ​ဗက်​ခေါ်​ဒ​သ​မ​လ​၌ နန်း တော်​အ​တွင်း​ဇေ​ရဇ်​မင်း​၏​ရှေ့​တော်​သို့ ရောက်​ရှိ​သွား​၏။-

17 မင်း​ကြီး​သည်​သူ့​အား​အ​ခြား​အ​မျိုး သ​မီး​အ​ပေါင်း​တို့​ထက်​ပို​၍​နှစ်​သက်​တော် မူ​သ​ဖြင့် သူ​သည်​ရှေ့​တော်​တွင်​မျက်​နှာ​ပွင့် လန်း​လျက်​ချစ်​ခင်​မြတ်​နိုး​တော်​မူ​ခြင်း ကို​ခံ​ရ​လေ​သည်။ မင်း​ကြီး​သည်​သူ့​အား ရာ​ဇ​သ​ရ​ဖူ​ကို​ဆောင်း​၍​ပေး​ပြီး​လျှင် ဝါ​ရှ​တိ​၏​အ​စား​မိ​ဖု​ရား​မြှောက်​တော် မူ​၏။-

18 ထို​နောက်​မိ​မိ​၏​မှူး​မတ်​များ​နှင့်​မင်း​အ​ရာ ရှိ​အ​ပေါင်း​ကို​ဖိတ်​ကြား​တော်​မူ​၍ ဧ​သ​တာ အား​ဂုဏ်​ပြု​စား​သောက်​ပွဲ​ကြီး​ကို​ကျင်း​ပ တော်​မူ​၏။ သူ​သည်​အင်​ပါ​ယာ​နိုင်​ငံ​တော် တစ်​ဝှမ်း​လုံး​တွင်​ထို​နေ့​ကို​အ​လုပ်​နား​ရက် အ​ဖြစ်​သတ်​မှတ်​ကြေ​ငြာ​တော်​မူ​၍ ဘု​ရင့် ဂုဏ်​နှင့်​လျော်​စွာ​ဆု​တော်​လာဘ်​တော်​များ ကို​လည်း​ပေး​သ​နား​တော်​မူ​၏။

19 ဤ​အ​ချိန်​အ​တော​အ​တွင်း​၌​မင်း​ကြီး သည်​မော်​ဒ​ကဲ​အား အုပ်​ချုပ်​ရေး​ရာ​ထူး တစ်​နေ​ရာ​တွင်​ခန့်​ထား​တော်​မူ​၏။-

20 ဧ​သ​တာ​မူ​ကား​မော်​ဒ​ကဲ​၏​မှာ​ကြား ချက်​အ​ရ​မိ​မိ​၏​ယု​ဒ​မျိုး​ရိုး​ဇာ​တိ​ကို ယ​ခု​တိုင်​အောင်​အ​ဘယ်​သူ​ကို​မျှ​အ​သိ မ​ပေး​ဘဲ​နေ​၏။ သူ​သည်​က​လေး​ဘ​ဝ​က မော်​ဒ​ကဲ​၏​စ​ကား​ကို​နား​ထောင်​ခဲ့​သည့် နည်း​တူ ဤ​အ​မှု​ကိစ္စ​တွင်​လည်း​နား​ထောင် လေ​သည်။