ဧ​သ​တာ 2:7-13 BCL

7 သူ့​မှာ​ဧ​သ​တာ​ဆို​သူ​နှ​မ​ဝမ်း​ကွဲ​ရှိ​၏။ ဧ​သ​တာ​၏​ယု​ဒ​နာ​မည်​ကား​ဟ​ဒ​ဿ တည်း။ သူ​၏​မိ​ဘ​များ​ကွယ်​လွန်​သွား​သော အ​ခါ​မော်​ဒ​ကဲ​သည်​သူ့​ကို​မွေး​စား​ကာ မိ​မိ​၏​သ​မီး​အ​ရင်း​သ​ဖွယ်​ကျွေး​မွေး ပြု​စု​ခဲ့​၏။ ဧ​သ​တာ​သည်​အ​ဆင်း​လှ​၍ ကိုယ်​လုံး​ကိုယ်​ပေါက်​ကောင်း​သည့်​အ​မျိုး သ​မီး​က​လေး​တစ်​ဦး​ဖြစ်​ပေ​သည်။

8 ထို​ကြောင့်​မင်း​ကြီး​ကြေ​ငြာ​ချက်​အ​သစ် အ​ရ အ​မျိုး​သ​မီး​ငယ်​အ​မြောက်​အ​မြား ကို ရှု​ရှန်​မြို့​သို့​ခေါ်​ဆောင်​လာ​ကြ​သော အ​ခါ​ဧ​သ​တာ​ပါ​လာ​ခဲ့​လေ​သည်။ သူ့ အား​လည်း​နန်း​တွင်း​၌​ထား​ရှိ​ကာ​မိန်း​မ စိုး​ဟေ​ဂဲ​၏​လက်​သို့​ပေး​အပ်​ကြ​၏။-

9 ဟေ​ဂဲ​သည်​ဧ​သ​တာ​အား​စိတ်​နှင့်​တွေ့​သ​ဖြင့် မျက်​နှာ​သာ​ပေး​၏။ နှိပ်​နယ်​ပေး​ခြင်း၊ အ​ထူး အ​စား​အ​စာ​ကို​ကျွေး​ခြင်း​တို့​ကို​အ​လျင် အ​မြန်​စ​တင်​ပြု​လုပ်​ပေး​၏။ အ​ပျို​တော် ဆောင်​တွင်​အ​ကောင်း​ဆုံး​နေ​ရာ​ထိုင်​ခင်း​ကို ပေး​၍ နန်း​တွင်း​သူ​အ​မျိုး​သ​မီး​ခု​နစ် ယောက်​ကို​အ​ထူး​ရွေး​ချယ်​ကာ​ဧ​သ​တာ ကို​လုပ်​ကျွေး​ပြု​စု​စေ​၏။

10 ဧ​သ​တာ​သည်​မော်​ဒ​ကဲ​၏​အ​ကြံ​ပေး​ချက် အ​ရ မိ​မိ​၏​ယု​ဒ​မျိုး​ရိုး​ဇာ​တိ​ကို​လျှို့​ဝှက် ၍​ထား​လေ​သည်။-

11 နေ့​စဉ်​နေ့​တိုင်း​ပင်​မော်​ဒ​ကဲ​သည်​ဧ​သ​တာ ၏​အ​ခြေ​အ​နေ​ကို​လည်း​ကောင်း၊ သူ့​အား အ​ဘယ်​သို့​ပြု​ကြ​မည်​ကို​လည်း​ကောင်း​သိ​ရှိ နိုင်​ရန် အ​ပျို​တော်​ဆောင်​ဝင်း​ရှေ့​၌​ခေါက်​တုန့် ခေါက်​ပြန်​လျှောက်​လျက်​နေ​တတ်​၏။

12 အ​မျိုး​သ​မီး​များ​အ​တွက် ပြု​လုပ်​နေ​ကျ အ​လှ​ပြု​ပြင်​မှု​မှာ​တစ်​နှစ်​မျှ​ကြာ​လေ သည်။ သူ​တို့​အား​မု​ရန်​ဆီ​ဖြင့်​ခြောက်​လ၊ သစ်​ဆီ​မွှေး​ဖြင့်​နောက်​ထပ်​ခြောက်​လ​နှိပ်​နယ် ပေး​ရ​၏။ ထို​နောက်​အ​မျိုး​သ​မီး​များ​သည် တစ်​ယောက်​ပြီး​တစ်​ယောက်​အ​လှည့်​ကျ ဇေ​ရဇ်​မင်း​၏​အ​ထံ​တော်​သို့​ဝင်​ကြ​ရ သည်။-

13 အ​လှည့်​ကျ​သူ​သည်​အ​ပျို​တော်​ဆောင်​မှ နန်း​တော်​သို့​သွား​သော​အ​ခါ မိ​မိ​နှစ်​သက် ရာ​အ​ဝတ်​အ​စား​များ​ကို​ဝတ်​ဆင်​နိုင်​၏။-