1 ကာလအနည်းငယ်ကြာသော်ဇေရဇ်မင်း သည်အာဂတ် မှဆင်းသက်သူ၊ ဟမ္မေဒါသ၏သားဟာမန် အားဝန်ကြီးချုပ်အဖြစ်ချီးမြှင့်တော်မူ၏။-
2 မင်းကြီးသည်ဟာမန်အားဦးညွတ်ရှိခိုး ၍အရိုအသေပေးကြရန် အမှုတော်ထမ်း အရာရှိအပေါင်းတို့အားအမိန့်ထုတ်ပြန် တော်မူသည့်အတိုင်းလိုက်နာကြလေသည်။-
3 မော်ဒကဲတစ်ဦးတည်းသာလျှင်မလိုက်နာ ဘဲနေ၏။ အခြားနန်းတွင်းအရာရှိများက သူ့အား``သင်သည်အဘယ်ကြောင့်ဘုရင့်အမိန့် တော်ကိုဖီဆန်ပါသနည်း'' ဟုမေးမြန်းကာ၊-
4 အလျှော့ပေးရန်နေ့စဉ်နေ့တိုင်းတိုက်တွန်း ကြ၏။ သို့ရာတွင်မော်ဒကဲသည်နားမထောင် ဘဲ``ငါသည်ယုဒအမျိုးသားတစ်ဦးဖြစ် သဖြင့်ဟာမန်အားဦးမညွှတ်ရှိမခိုးနိုင် ပါ'' ဟုရှင်းပြလေသည်။ ထို့ကြောင့်ထိုသူ တို့သည်မော်ဒကဲ၏အပြုအမူကို ဟာမန် သည်းခံမည်မခံမည်ကိုသိလို၍ဟာမန် အားတိုင်ကြားကြ၏။-