1 ဧသတာသည်မိမိအစာရှောင်၍ သုံးရက်မြောက် သောနေ့၌မိဖုရား၏အဝတ်တန်ဆာကိုဝတ် ဆင်ကာ ရာဇပလ္လင်တည်ရာခန်းမဆောင်၏ရှေ့ ၌ရှိသောနန်းတော်အတွင်းတံတိုင်းသို့သွား ၍ရပ်နေလေသည်။ မင်းကြီးသည်အဝင်ဝ ဘက်သို့လှည့်၍ထိုင်လျက်နေ၏။-
2 သူသည်မိဖုရားဧသတာကိုမြင်သောအခါ နူးညွတ်သောစိတ်ရှိသဖြင့် ရာဇလှံတံကိုကမ်း ၍ပေးတော်မူ၏။ ဧသတာသည်ချဉ်းကပ်လာ ပြီးလျှင်ရာဇလှံတံကိုတို့ထိလိုက်လေ သည်။-
3 မင်းကြီးက``မိဖုရားဧသတာ၊ အကြောင်း အဘယ်သို့ရှိသနည်း။ သင်တောင်းလိုသော ဆုကိုငါ့အားပြောကြားလော့။ ငါ၏အင်ပါ ယာနိုင်ငံတစ်ဝက်ကိုပင်တောင်းလျှင်ငါပေး မည်'' ဟုဆို၏။
4 ဧသတာက``အရှင်မင်းကြီးသဘောတူတော် မူပါလျှင် ယနေ့ညကျွန်တော်မပြင်ဆင်ထား သည့်ညစာစားပွဲသို့ဟာမန်နှင့်အတူကြွ ရောက်တော်မူပါ'' ဟုပြန်လည်လျှောက်ထား၏။
5 ထိုနောက်မင်းကြီးသည်ဧသတာ၏အလို ပြည့်စေရန် ဟာမန်အားအလျင်အမြန်ခေါ် ယူတော်မူပြီးလျှင် သူနှင့်အတူဧသတာ ၏ညစာစားပွဲသို့ကြွတော်မူ၏။-
6 မင်းကြီးသည်စပျစ်ရည်သောက်လျက်နေစဉ် ဧသတာအား``သင်တောင်းလိုသောဆုကိုငါ့ အားပြောကြားလော့။ သင့်အားငါပေးမည်။ ငါ၏အင်ပါယာနိုင်ငံတော်တစ်ဝက်ကိုပင် တောင်းခံလျှင်ငါပေးမည်'' ဟုမိန့်တော်မူ၏။