ဧ​သ​တာ 5:11-14 BCL

11 ထို​နောက်​ဟာ​မန်​သည်​မိ​မိ​အ​ဘယ်​မျှ​ချမ်း သာ​ကြွယ်​ဝ​ကြောင်း မိ​မိ​မှာ​သား​ယောကျာ်း အ​ဘယ်​မျှ​ရှိ​ကြောင်း၊ မိ​မိ​အား​ဘု​ရင်​မင်း မြတ်​သည်​ကြီး​မြင့်​သည့်​ရာ​ထူး​ဖြင့်​အ​ဘယ် သို့​ချီး​မြှင့်​တော်​မူ​ကြောင်း၊ မိ​မိ​သည်​အ​ခြား မင်း​အ​ရာ​ရှိ​များ​ထက် အ​ဘယ်​မျှ​ပို​၍​အ​ရေး ပါ​အ​ရာ​ရောက်​ကြောင်း​များ​ကို​ကြွား​ဝါ​ပြော ဆို​လေ​သည်။-

12 သူ​သည်​ဆက်​လက်​၍``ဤ​အ​မှု​အ​ရာ​များ အ​ပြင်​မိ​ဖု​ရား​ဧ​သ​တာ​က​လည်း​မင်း​ကြီး နှင့်​ငါ​သာ​လျှင် ည​စာ​စား​ပွဲ​နှင့်​ဧည့်​ခံ​ခဲ့ ပါ​၏။ နက်​ဖြန်​ခါ​လည်း​ငါ​တို့​အား​ည​စာ စား​ပွဲ​သို့​ဖိတ်​ကြား​ထား​ပါ​သေး​သည်။-

13 သို့​ရာ​တွင်​နန်း​တော်​တံ​ခါး​ဝ​တွင်​ယု​ဒ​အ​မျိုး သား​မော်​ဒ​ကဲ​ထိုင်​လျက်​နေ​သည်​ကို ငါ​တွေ့​မြင် နေ​ရ​သ​မျှ​ကာ​လ​ပတ်​လုံး ယ​ခု​ဖော်​ပြ​သ​မျှ တို့​သည်​ငါ့​အ​တွက်​အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း'' ဟု​ဆို​၏။

14 ထို့​အ​ခါ​သူ​၏​ဇ​နီး​နှင့်​မိတ်​ဆွေ​အ​ပေါင်း တို့​က​သူ့​အား``ခု​နစ်​ဆယ့်​ငါး​ပေ​မြင့်​သည့် လည်​ဆွဲ​တိုင်​ကို​စိုက်​ထူ​စေ​ပါ​လော့။ မော်​ဒ​ကဲ အား​ထို​လည်​ဆွဲ​တိုင်​တွင်​တင်​၍​သတ်​ရန် နက် ဖြန်​နံ​နက်​၌​မင်း​ကြီး​အား​လျှောက်​ထား​ပါ လော့။ ထို​နောက်​ပျော်​ရွှင်​စွာ​ည​စာ​စား​ပွဲ​သို့ သွား​နိုင်​ပါ​လိမ့်​မည်'' ဟု​အ​ကြံ​ပေး​ကြ​၏။ဟာ​မန်​သည်​ထို​အ​ကြံ​ကို​နှစ်​သက်​သ​ဖြင့် လည်​ဆွဲ​တိုင်​ကို​စိုက်​ထူ​စေ​၏။