ဧ​သ​တာ 6:11-14 BCL

11 ထို့​ကြောင့်​ဟာ​မန်​သည်​အ​ဝတ်​တန်​ဆာ​တော် နှင့်​မြင်း​တော်​ကို​ယူ​ခဲ့​ပြီး​လျှင် မော်​ဒ​ကဲ အား​အ​ဝတ်​တန်​ဆာ​တော်​ကို​ဝတ်​ဆင်​ပေး ကာ​မြင်း​ပေါ်​သို့​တင်​၍``ဘု​ရင်​မင်း​မြတ်​သည် မိ​မိ​ဂုဏ်​ပြု​ချီး​မြှင့်​လို​သူ​အား အ​ဘယ်​သို့ ချီး​မြှင့်​တော်​မူ​သည်​ကို​ကြည့်​ကြ​လော့'' ဟု ကြွေး​ကြော်​လျက်​မြင်း​ကို​ဆွဲ​၍​မြို့​တွင်း​၌ လှည့်​လည်​ရ​လေ​သည်။

12 ထို​နောက်​မော်​ဒ​ကဲ​သည် နန်း​တော်​တံ​ခါး​ဝ သို့​ပြန်​ရောက်​လေ​၏။ ဟာ​မန်​မူ​ကား​ညည်း တွား​၍ ဦး​ခေါင်း​ခြုံ​လျက်​အိမ်​သို့​ပြန်​ပြီး လျှင်၊-

13 မိ​မိ​ဇ​နီး​နှင့်​မိတ်​ဆွေ​များ​အား မိ​မိ​ကြုံ​တွေ့ ခဲ့​ရ​သည့်​အ​ဖြစ်​အ​ပျက်​အ​လုံး​စုံ​ကို​ပြော​ပြ လေ​သည်။ ထို​အ​ခါ​ဇ​နီး​ဖြစ်​သူ​နှင့်​မိတ်​ဆွေ ပ​ညာ​ရှိ​တို့​က``ကိုယ်​တော်​သည်​မော်​ဒ​ကဲ​ကို ရှုံး​စ​ပြု​လေ​ပြီ။ သူ​သည်​ယု​ဒ​အ​မျိုး​သား မှန်​လျှင်​ကိုယ်​တော်​သည်​သူ့​ကို​မ​နိုင်။ သူ​သည် ကိုယ်​တော်​ကို​မု​ချ​အ​နိုင်​ရ​လိမ့်​မည်'' ဟု ပြော​ကြား​ကြ​၏။

14 ထို​သူ​တို့​ဤ​သို့​ပြော​ဆို​နေ​ကြ​စဉ်​ပင်​နန်း တော်​မိန်း​မ​စိုး​များ​သည် ဟာ​မန်​အား​ဧ​သ​တာ ၏​ည​စာ​စား​ပွဲ​သို့​ခေါ်​ဆောင်​ရန်​အ​လျင်​စ​လို ရောက်​ရှိ​လာ​ကြ​လေ​သည်။