ဧ​သ​တာ 7:5-10 BCL

5 ထို​အ​ခါ​ဧ​က​ရာဇ်​မင်း​က``ဤ​သို့​သော အ​မှု​မျိုး​ကို​အ​ဘယ်​သူ​ပြု​ရဲ​သ​နည်း။ ထို​သူ​ကား​အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟု မေး​တော်​မူ​၏။

6 ဧ​သ​တာ​က``ကျွန်​တော်​မ​တို့​၏​ရန်​သူ၊ ကျွန် တော်​မ​တို့​အား နှိပ်​စက်​ညှင်း​ပန်း​သူ​မှာ​ဤ သူ​ယုတ်​မာ​ဟာ​မန်​ပင်​ဖြစ်​ပါ​သည်'' ဟု ပြန်​၍​လျှောက်​လေ​၏။ထို​အ​ခါ​ဟာ​မန်​သည်​ကြောက်​လန့်​တုန်​လှုပ် လျက်​နေ​တော့​၏။-

7 မင်း​ကြီး​သည်​အ​မျက်​ထွက်​၍​ည​စာ​စား ပွဲ​မှ​ထ​ပြီး​လျှင်​ဥ​ယျာဉ်​တော်​သို့​ကြွ​တော် မူ​၏။ ဟာ​မန်​သည်​ဤ​အ​မှု​ကိစ္စ​အ​တွက် မိ​မိ​အား​ဧ​ကန်​မု​ချ​မင်း​ကြီး​အ​ပြစ်​ပေး တော်​မူ​မည်​ကို​သိ​သ​ဖြင့် မိ​မိ​၏​အ​သက် ကို​ချမ်း​သာ​ပေး​ပါ​မည့်​အ​ကြောင်း ဧ​သ​တာ​အား​အ​သ​နား​ခံ​ရန်​နေ ရစ်​ခဲ့​၏။-

8 သူ​သည်​ဧ​သ​တာ​၏​သ​လွန်​ထက်​သို့​လှဲ​ချ ကာ​အ​သ​နား​ခံ​မည်​အ​ပြု​တွင်​မင်း​ကြီး သည် ဥ​ယျာဉ်​တော်​မှ​ပြန်​လည်​ရောက်​ရှိ​ကာ ည​စာ​ခန်း​မ​ဆောင်​သို့​ဝင်​လာ​လေ​သည်။ ဟာ​မန်​၏​အ​မူ​အ​ရာ​ကို​မြင်​သော​အ​ခါ မင်း​ကြီး​က``ဤ​သူ​သည်​မိ​ဖု​ရား​အား​နန်း တော်​အ​တွင်း​ငါ့​ရှေ့​မှောက်​၌​ပင်​မ​တ​ရား ပြု​ကျင့်​မည်​လော'' ဟု​ဟစ်​အော်​မိန့်​မြွက် တော်​မူ​၏။ယင်း​သို့​မင်း​ကြီး​မိန့်​မြွက်​လိုက်​သည့်​အ​ခါ မိန်း​မ​စိုး​တို့​သည်​ဟာ​မန်​၏​မျက်​နှာ​ကို ဖုံး​အုပ်​ကြ​လေ​သည်။

9 ထို​နောက်​မိန်း​မ​စိုး​ဟာ​ဗော​န​က``ဟာ​မန် သည်​အ​ရှင်​မင်း​ကြီး​၏​အ​သက်​ကို​ကယ် ဆယ်​သူ​မော်​ဒ​ကဲ​အား​သတ်​ရန် မိ​မိ​၏ အိမ်​၌​လည်​ဆွဲ​စိုက်​ထူ​ထား​ပါ​သည်။ ထို လည်​ဆွဲ​တိုင်​သည်​ခု​နစ်​ဆယ့်​ငါး​ပေ​မြင့် ပါ​၏'' ဟု​လျှောက်​လေ​၏။မင်း​ကြီး​က``ဟာ​မန်​ကို​ထို​တိုင်​၌​ဆွဲ​ထား ကွပ်​မျက်​စေ'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။

10 သို့​ဖြစ်​၍​ဟာ​မန်​သည်​မော်​ဒ​ကဲ​အ​တွက် မိ​မိ​စိုက်​ထူ​ထား​သည့်​လည်​ဆွဲ​တိုင်​၌​ပင် ကွပ်​မျက်​ခြင်း​ခံ​ရ​လေ​တော့​၏။ ထို​နောက် မှ​မင်း​ကြီး​သည်​အ​မျက်​တော်​ပြေ​သွား လေ​သည်။