6 ဧသတာက``ကျွန်တော်မတို့၏ရန်သူ၊ ကျွန် တော်မတို့အား နှိပ်စက်ညှင်းပန်းသူမှာဤ သူယုတ်မာဟာမန်ပင်ဖြစ်ပါသည်'' ဟု ပြန်၍လျှောက်လေ၏။ထိုအခါဟာမန်သည်ကြောက်လန့်တုန်လှုပ် လျက်နေတော့၏။-
7 မင်းကြီးသည်အမျက်ထွက်၍ညစာစား ပွဲမှထပြီးလျှင်ဥယျာဉ်တော်သို့ကြွတော် မူ၏။ ဟာမန်သည်ဤအမှုကိစ္စအတွက် မိမိအားဧကန်မုချမင်းကြီးအပြစ်ပေး တော်မူမည်ကိုသိသဖြင့် မိမိ၏အသက် ကိုချမ်းသာပေးပါမည့်အကြောင်း ဧသတာအားအသနားခံရန်နေ ရစ်ခဲ့၏။-
8 သူသည်ဧသတာ၏သလွန်ထက်သို့လှဲချ ကာအသနားခံမည်အပြုတွင်မင်းကြီး သည် ဥယျာဉ်တော်မှပြန်လည်ရောက်ရှိကာ ညစာခန်းမဆောင်သို့ဝင်လာလေသည်။ ဟာမန်၏အမူအရာကိုမြင်သောအခါ မင်းကြီးက``ဤသူသည်မိဖုရားအားနန်း တော်အတွင်းငါ့ရှေ့မှောက်၌ပင်မတရား ပြုကျင့်မည်လော'' ဟုဟစ်အော်မိန့်မြွက် တော်မူ၏။ယင်းသို့မင်းကြီးမိန့်မြွက်လိုက်သည့်အခါ မိန်းမစိုးတို့သည်ဟာမန်၏မျက်နှာကို ဖုံးအုပ်ကြလေသည်။
9 ထိုနောက်မိန်းမစိုးဟာဗောနက``ဟာမန် သည်အရှင်မင်းကြီး၏အသက်ကိုကယ် ဆယ်သူမော်ဒကဲအားသတ်ရန် မိမိ၏ အိမ်၌လည်ဆွဲစိုက်ထူထားပါသည်။ ထို လည်ဆွဲတိုင်သည်ခုနစ်ဆယ့်ငါးပေမြင့် ပါ၏'' ဟုလျှောက်လေ၏။မင်းကြီးက``ဟာမန်ကိုထိုတိုင်၌ဆွဲထား ကွပ်မျက်စေ'' ဟုအမိန့်ပေးတော်မူ၏။
10 သို့ဖြစ်၍ဟာမန်သည်မော်ဒကဲအတွက် မိမိစိုက်ထူထားသည့်လည်ဆွဲတိုင်၌ပင် ကွပ်မျက်ခြင်းခံရလေတော့၏။ ထိုနောက် မှမင်းကြီးသည်အမျက်တော်ပြေသွား လေသည်။