25 သူတို့သည်သစ်တောရှိရာသို့ရောက်ကြ သောအခါ နေရာအနှံ့အပြားတွင်ပျား ရည်များကိုတွေ့ရှိကြ၏။-
26 တောထဲတွင်ပျားရည်ပေါများသော်လည်း ရှောလု၏ကျိန်ဆဲချက်ကိုကြောက်သဖြင့် အဘယ်သူမျှမစားဝံ့။-
27 ယောနသန်မူကားခမည်းတော်ကျိန်ဆဲခဲ့ သည်ကိုမကြားခဲ့ပေ။ ထို့ကြောင့်သူသည် မိမိတွင်ပါသောတုတ်ချောင်းဖြင့် ပျားလပို့ တွင်နှစ်၍ပျားရည်အနည်းငယ်ကိုစားလေ သည်။ ထိုအခါသူသည်ချက်ချင်းပင်လန်း ဆန်း၍လာ၏။-
28 ထို့ကြောင့်တပ်သားတစ်ယောက်က``အကျွန်ုပ် တို့အားလုံးပင်နွမ်းနယ်လျက်နေကြပါ၏။ သို့သော်အရှင့်ခမည်းတော်က`ယနေ့အစား အစာစားသူသည်ကျိန်စာသင့်ပါစေ' ဟု ကျိန်ဆိုထားပါ၏'' ဟုဆို၏။
29 ယောနသန်က``ငါတို့အမျိုးသားများအား ခမည်းတော်ပြုသောအမှုသည်ဆိုးရွားလှ ပါသည်တကား။ ပျားရည်အနည်းငယ်ကို စားရသဖြင့်ငါအဘယ်မျှလန်းဆန်းလာ သည်ကိုကြည့်လော့။-
30 အကယ်၍ငါတို့အမျိုးသားများသည် ရန်သူထံမှရရှိသည်အစားအစာကိုစား ခဲ့ရကြလျှင် အဘယ်မျှလောက်အကျိုးရှိ လိမ့်မည်နည်း။ ဖိလိတ္တိအမျိုးသားတို့ကို အဘယ်မျှပိုမိုသတ်ဖြတ်နိုင်ခဲ့မည်ကို သာစဉ်းစား၍ကြည့်ကြလော့'' ဟုပြန် ပြော၏။
31 ထိုနေ့၌ဣသရေလအမျိုးသားများသည် ဖိလိတ္တိအမျိုးသားတို့အား မိတ်မတ်မြို့မှ အာဇလုန်မြို့တိုင်အောင်လိုက်လံတိုက်ခိုက် နှိမ်နင်းခဲ့ကြပြီးသည်နောက် အစာမစား ရသဖြင့်ပင်ပန်းနွမ်းနယ်လျက်ရှိကြ၏။-