3 (သင်တိုင်းကိုဝတ်ဆင်သောယဇ်ပုရောဟိတ် မှာအဟိယဖြစ်သည်။ သူ၏အဖကား ဣခဗုဒ်၏အစ်ကိုအဟိတုပ်ဖြစ်သည်။ အဟိတုပ်သည်ဖိနဟတ်၏သားဖြစ်၏။ ရှိလောမြို့၊ ထာဝရဘုရား၏ယဇ်ပုရော ဟိတ်ဧလိ၏မြေးဖြစ်၏။) စစ်သည်တပ်သား တို့သည်ယောနသန်ထွက်ခွာသွားသည်ကို မသိကြ။
4-5 မိတ်မတ်တောင်ကြားလမ်း တစ်ဘက်တစ်ချက် တွင် ကျောက်အငူကြီးတစ်ခုစီရှိ၏။ ကျောက် အငူကြီးတစ်ခုမှာဗောဇက်ဟုနာမည် တွင်၏။ ယင်းသည်တောင်ကြားလမ်း၏မြောက် ဘက်တွင်တည်ရှိ၍ မိတ်မတ်မြို့ကိုမျက်နှာ မူလျက်နေ၏။ အခြားကျောက်အငူကြီး မှာသေနေဟုနာမည်တွင်၏။ ယင်းသည်တောင် ကြားလမ်း၏တောင်ဘက်တွင်တည်ရှိ၍ ဂိဗာ မြို့ကိုမျက်နှာမူလျက်နေ၏။ ယောနသန် သည်ဖိလိတ္တိတပ်စခန်းသို့ဝင်ရာ၌ ဤ တောင်ကြားလမ်းကိုဖြတ်သွားရ၏။
6 ယောနသန်ကလူငယ်အား``ဘုရားမဲ့သူ ဖိလိတ္တိအမျိုးသားတို့၏တပ်စခန်းကို ငါတို့ဝင်ရောက်ကြစို့။ ထာဝရဘုရား သည်ငါတို့အားကူမကောင်းကူမလိမ့်မည်။ အကယ်၍ကိုယ်တော်ကူမတော်မူပါလျှင် ငါတို့သည်အဘယ်မျှပင်အရည်အတွက် အားဖြင့်နည်းသော်လည်းအောင်ပွဲကိုရရှိ ကြမည်'' ဟုဆို၏။
7 လူငယ်က``အရှင်အလိုရှိရာပြုတော်မူ ပါ။ အကျွန်ုပ်သည်အရှင်နှင့်အတူလိုက် ပါမည်'' ဟုဆိုလျှင်၊
8 ယောနသန်က``ကောင်းပြီ။ ငါတို့သွား၍ ဖိလိတ္တိအမျိုးသားတို့အားကိုယ်ရိပ်ပြ ကြအံ့။-
9 အကယ်၍သူတို့ကငါတို့အားသူတို့ အလာကိုစောင့်ဆိုင်းစေပါမူ ငါတို့သည် ရောက်ရာနေရာတွင်ရပ်၍နေမည်။-
10 သို့ရာတွင်သူတို့ကမိမိတို့ထံသို့လာ ရန်ခေါ်ကြလျှင်မူကား ငါတို့သည်သူတို့ ရှိရာသို့သွားမည်။ ဤသို့ခေါ်ခြင်းသည် ငါတို့အောင်ပွဲရမည်ဖြစ်ကြောင်း ထာဝရ ဘုရားပေးတော်မူသောအမှတ်လက္ခဏာ ဖြစ်မည်'' ဟုဆို၏။