30 အကယ်၍ငါတို့အမျိုးသားများသည် ရန်သူထံမှရရှိသည်အစားအစာကိုစား ခဲ့ရကြလျှင် အဘယ်မျှလောက်အကျိုးရှိ လိမ့်မည်နည်း။ ဖိလိတ္တိအမျိုးသားတို့ကို အဘယ်မျှပိုမိုသတ်ဖြတ်နိုင်ခဲ့မည်ကို သာစဉ်းစား၍ကြည့်ကြလော့'' ဟုပြန် ပြော၏။
31 ထိုနေ့၌ဣသရေလအမျိုးသားများသည် ဖိလိတ္တိအမျိုးသားတို့အား မိတ်မတ်မြို့မှ အာဇလုန်မြို့တိုင်အောင်လိုက်လံတိုက်ခိုက် နှိမ်နင်းခဲ့ကြပြီးသည်နောက် အစာမစား ရသဖြင့်ပင်ပန်းနွမ်းနယ်လျက်ရှိကြ၏။-
32 ထို့ကြောင့်သူတို့သည်ရန်သူများလက်မှ သိမ်းဆည်းရမိသည့်ပစ္စည်းများရှိရာသို့ ပြေးပြီးလျှင် သိုး၊ ဆိတ်၊ နွားများကိုယူ ဆောင်ကာထိုနေရာ၌ပင်သတ်၍သွေး သံရဲရဲနှင့်စားကြ၏။-
33 ယင်းသို့လူတို့သည်သွေးသံရဲရဲနှင့်စား သောက်ကာ ထာဝရဘုရားအားပြစ်မှား ကြကြောင်းကိုရှောလုအားလျှောက်ထား ကြသောအခါ၊ရှောလုက``သင်တို့သည်သစ္စာဖောက်ကြလေ ပြီတကား။ ကျောက်တုံးကြီးကိုဤအရပ် သို့လှိမ့်ယူခဲ့ကြလော့'' ဟုဆို၏။-
34 ထိုနောက်သူက``လူတို့ထံသို့သွား၍သူ တို့၏နွားများတို့ကို ဤနေရာသို့ယူဆောင် လာစေ။ သူတို့သည်တိရစ္ဆာန်များကိုဤနေ ရာတွင်သတ်၍စားကြစေ။ သွေးပါသည့် အသားကိုစားခြင်းအားဖြင့်ထာဝရဘုရား ကိုမပြစ်မှားစေနှင့်'' ဟုမိန့်တော်မူ၏။ သို့ ဖြစ်၍ထိုည၌လူတို့သည်မိမိတို့၏သိုး နွားများကို ထိုနေရာသို့ယူဆောင်လာပြီး လျှင်သတ်ကြ၏။-
35 ရှောလုသည်ထာဝရဘုရားအဖို့ယဇ်ပလ္လင် ကိုတည်ဆောက်တော်မူ၏။ ထိုယဇ်ပလ္လင်ကား ပထမဆုံးအကြိမ်ရှောလုတည်ဆောက် သည့်ယဇ်ပလ္လင်ဖြစ်သတည်း။
36 ရှောလုသည်မိမိ၏လူတို့အား``ငါတို့သည် ဖိလိတ္တိအမျိုးသားတို့အားညဥ့်အခါ သွား ရောက်တိုက်ခိုက်ကြကုန်အံ့။ မိုးလင်းသည်တိုင် အောင်သူတို့အားလုယက်၍တစ်ယောက်မကျန် သုတ်သင်ပစ်ကြကုန်အံ့'' ဟုမိန့်တော်မူလျှင် လူတို့က``စိတ်တော်ရှိသည်အတိုင်းပြုတော် မူပါ'' ဟုလျှောက်ထားကြ၏။သို့ရာတွင်ယဇ်ပုရောဟိတ်က``ငါတို့သည် ဦးစွာထာဝရဘုရားအားမေးမြန်း လျှောက်ထားကြကုန်အံ့'' ဟုဆို၏။