၁ ရာ 14:34-40 BCL

34 ထို​နောက်​သူ​က``လူ​တို့​ထံ​သို့​သွား​၍​သူ တို့​၏​နွား​များ​တို့​ကို ဤ​နေ​ရာ​သို့​ယူ​ဆောင် လာ​စေ။ သူ​တို့​သည်​တိ​ရစ္ဆာန်​များ​ကို​ဤ​နေ ရာ​တွင်​သတ်​၍​စား​ကြ​စေ။ သွေး​ပါ​သည့် အသား​ကို​စား​ခြင်း​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား ကို​မ​ပြစ်​မှား​စေ​နှင့်'' ဟု​မိန့်​တော်​မူ​၏။ သို့ ဖြစ်​၍​ထို​ည​၌​လူ​တို့​သည်​မိ​မိ​တို့​၏​သိုး နွား​များ​ကို ထို​နေ​ရာ​သို့​ယူ​ဆောင်​လာ​ပြီး လျှင်​သတ်​ကြ​၏။-

35 ရှော​လု​သည်​ထာဝ​ရ​ဘု​ရား​အ​ဖို့​ယဇ်​ပလ္လင် ကို​တည်​ဆောက်​တော်​မူ​၏။ ထို​ယဇ်​ပလ္လင်​ကား ပ​ထ​မ​ဆုံး​အ​ကြိမ်​ရှော​လု​တည်​ဆောက် သည့်​ယဇ်​ပလ္လင်​ဖြစ်​သ​တည်း။

36 ရှော​လု​သည်​မိ​မိ​၏​လူ​တို့​အား``ငါ​တို့​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​ညဥ့်​အ​ခါ သွား ရောက်​တိုက်​ခိုက်​ကြ​ကုန်​အံ့။ မိုး​လင်း​သည်​တိုင် အောင်​သူ​တို့​အား​လု​ယက်​၍​တစ်​ယောက်​မ​ကျန် သုတ်​သင်​ပစ်​ကြ​ကုန်​အံ့'' ဟု​မိန့်​တော်​မူ​လျှင် လူ​တို့​က``စိတ်​တော်​ရှိ​သည်​အ​တိုင်း​ပြု​တော် မူ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​က``ငါ​တို့​သည် ဦး​စွာ​ထာ​ဝ​ရ​ဘု​ရား​အား​မေး​မြန်း လျှောက်​ထား​ကြ​ကုန်​အံ့'' ဟု​ဆို​၏။

37 ထို့​ကြောင့်​ရှော​လု​သည်​ဘု​ရား​သ​ခင်​အား``ကျွန် တော်​မျိုး​တို့​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကို တိုက်​ခိုက်​ရ​ပါ​မည်​လော။ ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ ပါ​မည်​လော'' ဟု​မေး​လျှောက်​၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘုရား​သည်​ထို​နေ့​၌​ဖြေ​ကြား တော်​မ​မူ။-

38 ထို​အ​ခါ​ရှောလု​သည်​လူ​တို့​၏​ခေါင်း​ဆောင် များ​အား``ချဉ်း​ကပ်​လာ​ကြ​လော့။ ယ​နေ့​ငါ တို့​အ​ဘယ်​အ​ပြစ်​ကို​ကူး​လွန်​မိ​ကြ​သည် ကို​စစ်​ဆေး​ကြ​လော့။-

39 အပြစ်​ရှိ​သူ​သည်​ငါ​၏​သား​ယော​န​သန်​ပင် ဖြစ်​စေ​ကာ​မူ​သေ​ဒဏ်​ခံ​ရ​လိမ့်​မည်​ဖြစ် ကြောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ကယ် တင်​ရှင်​တည်း​ဟူ​သော အ​သက်​ရှင်​တော်​မူ သော​ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ကတိ​ပြု​ပါ ၏'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​အ​ဘယ်​သူ မျှ​ပြန်​လည်​လျှောက်​ထား​ခြင်း​မ​ပြု​ကြ သ​ဖြင့်၊-

40 ရှော​လု​က``သင်​တို့​သည်​ထို​နေ​ရာ​တွင်​ရပ် ၍​နေ​ကြ​လော့။ ယော​န​သန်​နှင့်​ငါ​မူ​ကား ဤ​နေ​ရာ​တွင်​ရပ်​၍​နေ​ကြ​အံ့'' ဟု​ဆို​၏။လူ​တို့​က​လည်း``အ​ရှင်​စိတ်​တော်​ရှိ​သည် အ​တိုင်း​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​ကြ​၏။