36 ရှောလုသည်မိမိ၏လူတို့အား``ငါတို့သည် ဖိလိတ္တိအမျိုးသားတို့အားညဥ့်အခါ သွား ရောက်တိုက်ခိုက်ကြကုန်အံ့။ မိုးလင်းသည်တိုင် အောင်သူတို့အားလုယက်၍တစ်ယောက်မကျန် သုတ်သင်ပစ်ကြကုန်အံ့'' ဟုမိန့်တော်မူလျှင် လူတို့က``စိတ်တော်ရှိသည်အတိုင်းပြုတော် မူပါ'' ဟုလျှောက်ထားကြ၏။သို့ရာတွင်ယဇ်ပုရောဟိတ်က``ငါတို့သည် ဦးစွာထာဝရဘုရားအားမေးမြန်း လျှောက်ထားကြကုန်အံ့'' ဟုဆို၏။
37 ထို့ကြောင့်ရှောလုသည်ဘုရားသခင်အား``ကျွန် တော်မျိုးတို့သည်ဖိလိတ္တိအမျိုးသားတို့ကို တိုက်ခိုက်ရပါမည်လော။ ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အားအောင်ပွဲခံစေတော်မူ ပါမည်လော'' ဟုမေးလျှောက်၏။ သို့ရာတွင် ထာဝရဘုရားသည်ထိုနေ့၌ဖြေကြား တော်မမူ။-
38 ထိုအခါရှောလုသည်လူတို့၏ခေါင်းဆောင် များအား``ချဉ်းကပ်လာကြလော့။ ယနေ့ငါ တို့အဘယ်အပြစ်ကိုကူးလွန်မိကြသည် ကိုစစ်ဆေးကြလော့။-
39 အပြစ်ရှိသူသည်ငါ၏သားယောနသန်ပင် ဖြစ်စေကာမူသေဒဏ်ခံရလိမ့်မည်ဖြစ် ကြောင်း ဣသရေလအမျိုးသားတို့၏ကယ် တင်ရှင်တည်းဟူသော အသက်ရှင်တော်မူ သောဘုရားကိုတိုင်တည်၍ငါကတိပြုပါ ၏'' ဟုမိန့်တော်မူ၏။ ထိုအခါအဘယ်သူ မျှပြန်လည်လျှောက်ထားခြင်းမပြုကြ သဖြင့်၊-
40 ရှောလုက``သင်တို့သည်ထိုနေရာတွင်ရပ် ၍နေကြလော့။ ယောနသန်နှင့်ငါမူကား ဤနေရာတွင်ရပ်၍နေကြအံ့'' ဟုဆို၏။လူတို့ကလည်း``အရှင်စိတ်တော်ရှိသည် အတိုင်းပြုတော်မူပါ'' ဟုလျှောက်ကြ၏။
41 ရှောလုသည်ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားအား``အို ထာဝရဘုရား၊ အဘယ်ကြောင့်ကျွန်တော်မျိုးအားယနေ့ဖြေကြား တော်မမူပါသနည်း။ အို ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရား၊ ကျောက်တော် များအားဖြင့်ကျွန်တော်မျိုးအားဖြေကြားတော် မူပါ။ ယောနသန်၌ဖြစ်စေ၊ ကျွန်တော်မျိုး၌ ဖြစ်စေအပြစ်ရှိပါလျှင်ဥရိမ်ကျောက် မဲကျစေတော်မူပါ။ ကိုယ်တော်ရှင်၏လူမျိုးတော် ဣသရေလအမျိုးသားတို့၌အပြစ်ရှိပါလျှင် သုမိမ်ကျောက်ကိုမဲကျစေတော်မူပါ'' ဟုလျှောက် ထား၏။ ထိုအခါရှောလုနှင့်ယောနသန်တို့တွင် အပြစ်ရှိကြောင်းမဲကျသဖြင့် ဣသရေလ အမျိုးသားတို့အပြစ်လွတ်ကြကုန်၏။-
42 ထိုအခါရှောလုက``ငါ့သားယောနသန်နှင့် ငါ့အားမဲချဦးလော့'' ဟုဆိုလျှင်ယောန သန်မဲကျလေ၏။-