47 ရှောလုသည်ဣသရေလပြည်တွင်နန်းတက် ပြီးနောက် နေရာအနှံ့အပြားတွင်ရန်သူ များဖြစ်ကြသောမောဘပြည်သားများ၊ အမ္မုန်ပြည်သားများနှင့်ဧဒုံပြည်သား များကိုလည်းကောင်း၊ ဇောဘမင်းများနှင့် ဖိလိတ္တိအမျိုးသားများကိုလည်းကောင်း စစ်တိုက်ရလေသည်။ သူသည်မည်သည့် အရပ်တွင်တိုက်ပွဲဖြစ်သည်မဆိုအောင် မြင်သည် သာဖြစ်၏။-
48 သူသည်ရွပ်ရွပ်ချွံချွံတိုက်ပွဲများဝင်ခဲ့ သည်။ အာမလက်အမျိုးသားတို့ကိုပင် တိုက်ခိုက်နှိမ်နင်းခဲ့လေသည်။ သူသည် ဣသရေလအမျိုးသားတို့အား ရန်သူ အပေါင်းတို့၏ဘေးမှကယ်ဆယ်ခဲ့၏။
49 ရှောလု၏သားတော်များကားယောနသန်၊ ဣရွှိ၊ မေလခိရွှတည်း။ သူ၏သမီးတော်အကြီးသည် မေရပ်ဟုနာမည်တွင်၍ သမီးတော်အငယ်မှာ မိခါလဟုနာမည်တွင်လေသည်။-
50 သူ၏ကြင်ယာတော်ကားအဟိမတ်၏သမီး အဟိနောင်ဖြစ်၏။ သူ၏စစ်သေနာပတိမှာ ဦးရီးတော်နေရ၏သားအာဗနာဖြစ်သည်။-
51 ရှောလု၏ခမည်းတော်ကိရှနှင့်အာဗနာ ၏ဖခင်နေရတို့သည် အဗျေလ၏သားများ ဖြစ်သတည်း။
52 ရှောလုသည်အသက်ရှင်သမျှကာလပတ်လုံး ဖိလိတ္တိအမျိုးသားတို့နှင့်အပြင်းအထန်တိုက် ပွဲဝင်ခဲ့ရ၏။ ထို့ကြောင့်သူသည်ခွန်အားကြီး သူသို့မဟုတ်ရဲစွမ်းသတ္တိရှိသူကိုတွေ့ရှိရ သည့်အခါတိုင်း မိမိ၏တပ်မတော်တွင်ဝင် ရောက်အမှုထမ်းစေတော်မူ၏။