၁ ရာ 14:6-12 BCL

6 ယော​န​သန်​က​လူ​ငယ်​အား``ဘု​ရား​မဲ့​သူ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​တပ်​စ​ခန်း​ကို ငါ​တို့​ဝင်​ရောက်​ကြ​စို့။ ထာ​ဝ​ရ​ဘု​ရား သည်​ငါ​တို့​အား​ကူ​မ​ကောင်း​ကူ​မ​လိမ့်​မည်။ အ​ကယ်​၍​ကိုယ်​တော်​ကူ​မ​တော်​မူ​ပါ​လျှင် ငါ​တို့​သည်​အ​ဘယ်​မျှ​ပင်​အ​ရည်​အ​တွက် အား​ဖြင့်​နည်း​သော်​လည်း​အောင်​ပွဲ​ကို​ရ​ရှိ ကြ​မည်'' ဟု​ဆို​၏။

7 လူ​ငယ်​က``အ​ရှင်​အ​လို​ရှိ​ရာ​ပြု​တော်​မူ ပါ။ အ​ကျွန်ုပ်​သည်​အ​ရှင်​နှင့်​အ​တူ​လိုက် ပါ​မည်'' ဟု​ဆို​လျှင်၊

8 ယော​န​သန်​က``ကောင်း​ပြီ။ ငါ​တို့​သွား​၍ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​ကိုယ်​ရိပ်​ပြ ကြ​အံ့။-

9 အ​ကယ်​၍​သူ​တို့​က​ငါ​တို့​အား​သူ​တို့ အ​လာ​ကို​စောင့်​ဆိုင်း​စေ​ပါ​မူ ငါ​တို့​သည် ရောက်​ရာ​နေ​ရာ​တွင်​ရပ်​၍​နေ​မည်။-

10 သို့​ရာ​တွင်​သူ​တို့​က​မိ​မိ​တို့​ထံ​သို့​လာ ရန်​ခေါ်​ကြ​လျှင်​မူ​ကား ငါ​တို့​သည်​သူ​တို့ ရှိ​ရာ​သို့​သွား​မည်။ ဤ​သို့​ခေါ်​ခြင်း​သည် ငါ​တို့​အောင်​ပွဲ​ရ​မည်​ဖြစ်​ကြောင်း ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​သော​အ​မှတ်​လက္ခ​ဏာ ဖြစ်​မည်'' ဟု​ဆို​၏။

11 ထို့​ကြောင့်​သူ​တို့​နှစ်​ဦး​သည်​ဖိ​လိတ္တိ​အ​မျိုး သား​တို့​အား​ကိုယ်​ရိပ်​ပြ​ကြ​၏။ ဖိ​လိတ္တိ အ​မျိုး​သား​တို့​က``ကြည့်​လော့။ ဟေ​ဗြဲ​အ​မျိုး သား​အ​ချို့​တို့​သည် မိ​မိ​တို့​ပုန်း​ကွယ်​ရာ​မြေ တွင်း​များ​မှ​ထွက်​လာ​လေ​ပြီ'' ဟု​ဆို​ပြီး လျှင်၊-

12 ယော​န​သန်​နှင့်​သူ​ငယ်​အား``ဤ​အ​ရပ်​သို့ လာ​ခဲ့​လော့။ သင်​တို့​အား​ငါ​တို့​ပြော​စ​ရာ ရှိ​သည်'' ဟု​ဟစ်​အော်​၍​ဖိတ်​ခေါ်​ကြ​၏။ယော​န​သန်​သည်​သူ​ငယ်​အား``ငါ့​နောက်​ကို လိုက်​ခဲ့​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား အောင်​ပွဲ​ကို ပေး​တော်​မူ​ပြီ'' ဟု​ဆို​ပြီး​လျှင်၊-