၁ ရာ 15:21-27 BCL

21 သို့​ရာ​တွင်​အ​ကျွန်ုပ်​၏​လူ​တို့​သည်​မိ​မိ​တို့ လက်​ရ​အ​ဆူ​ဖြိုး​ဆုံး​သိုး​နွား​များ​ကို​မ သတ်​ဘဲ အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ယဇ်​ပူ​ဇော်​ရန် ဤ​ဂိ​လ​ဂါ​လ မြို့​သို့​ယူ​ဆောင်​ခဲ့​ကြ​ပါ​၏'' ဟု​ပြန်​လည် ဖြေ​ကြား​၏။

22 ရှ​မွေ​လ​က``ထာ​ဝ​ရ​ဘု​ရား​သည်​မီး​ရှို့ ရာ​ယဇ်​အ​စ​ရှိ​သည့်​ပူ​ဇော်​သကာ​များ ဆက်​သ​မှု​နှင့် မိ​မိ​၏​အ​မိန့်​တော်​နာ​ခံ မှု​တို့​အ​နက်​မည်​သည်​ကို​ပို​၍​နှစ်​သက်​တော် မူ​ပါ​သ​နည်း။ နာ​ခံ​ခြင်း​သည်​အ​ဆူ​ဖြိုး ဆုံး​သိုး​ကို​ယဇ်​ပူ​ဇော်​ခြင်း​ထက်​ပို​၍​မြတ်​၏။-

23 ကိုယ်​တော်​အား​ပုန်​ကန်​ခြင်း​သည်​စုံး​အ​တတ် ကဲ့​သို့​ဆိုး​ရွား​၍ မောက်​မာ​ထောင်​လွှား​ခြင်း သည်​လည်း​ရုပ်​တု​ကို​ကိုး​ကွယ်​ခြင်း​ကဲ့​သို့ ပင်​အ​ပြစ်​ကြီး​၏။ သင်​သည်​ထာ​ဝ​ရ​ဘု​ရား ၏​အ​မိန့်​တော်​ကို​ပယ်​သော​ကြောင့် ကိုယ်​တော် သည်​သင့်​ကို​ဘု​ရင်​အ​ဖြစ်​မှ​ပယ်​တော်​မူ ပြီ'' ဟု​ဆို​၏။

24 ထို​အ​ခါ​ရှော​လု​က``မှန်​ပါ​၏။ အ​ကျွန်ုပ်​သည် အ​ပြစ်​ကူး​လွန်​မိ​ပါ​ပြီ။ အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ကို​လည်း​ကောင်း၊ အ​ရှင်​၏ ညွှန်​ကြား​ချက်​များ​ကို​လည်း​ကောင်း​လွန်​ဆန်​မိ ပါ​ပြီ။ မိ​မိ​၏​လူ​တို့​ကို​ကြောက်​သ​ဖြင့် အ​ကျွန်ုပ် သည်​သူ​တို့​၏​ဆန္ဒ​အ​တိုင်း​ပြု​မိ​ပါ​၏။-

25 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​အား​အ​ကျွန်ုပ်​ဝတ် ပြု​ကိုး​ကွယ်​ခွင့်​ရ​စေ​ရန် အ​ရှင်​သည်​အ​ကျွန်ုပ် ၏​အ​ပြစ်​ကို​ဖြေ​လွှတ်​၍ အ​ကျွန်ုပ်​နှင့်​အ​တူ ဂိ​လ​ဂါ​လ​မြို့​သို့​လိုက်​ခဲ့​ပါ​ရန်​အ​ကျွန်ုပ် တောင်း​ပန်​ပါ​၏'' ဟု​ဆို​လေ​၏။

26 ရှ​မွေ​လ​က​လည်း``သင်​နှင့်​ငါ​မ​ပြန်။ သင်​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​ပယ်​သော ကြောင့် ကိုယ်​တော်​သည်​သင့်​ကို​ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​မှ​ပယ်​တော်​မူ​ပြီ'' ဟု​ဆို​၏။

27 ထို​နောက်​ရှ​မွေ​လ​သည်​လှည့်​၍​ထွက်​ခွာ​မည်​ပြု သော​အ​ခါ ရှော​လု​သည်​သူ​၏​ဝတ်​လုံ​ကို​ဆွဲ ကိုင်​လိုက်​သ​ဖြင့်​ဝတ်​လုံ​စုတ်​သွား​လေ​သည်။-