7 သို့ရာတွင်ထာဝရဘုရားက``ထိုသူ၏ အရပ်အမောင်းကောင်းမှုနှင့်တင့်တယ် လှပမှုတို့ကိုမကြည့်နှင့်။ ငါသည်လူတို့ ကဲ့သို့အကဲဖြတ်သည်မဟုတ်။ သို့ဖြစ်၍ သူ့ကိုငါပယ်ပြီ။ လူသည်ပြင်ပသဏ္ဌာန်ကို ကြည့်တတ်၏။ ငါမူကားစိတ်နှလုံးကို ကြည့်၏'' ဟုမိန့်တော်မူ၏။
8 ထိုနောက်ယေရှဲသည်မိမိသားအဘိနဒပ် ကိုရှမွေလထံသို့ခေါ်ခဲ့၏။ သို့ရာတွင် ရှမွေလက``သူ့ကိုလည်းထာဝရဘုရား ရွေးချယ်တော်မမူ'' ဟုဆို၏။-
9 ယေရှဲသည်ရှိမာကိုခေါ်လိုက်၏။ ထိုအခါ``ဤ သူ့ကိုလည်းထာဝရဘုရားရွေးချယ်တော် မမူ'' ဟုရှမွေလဆိုပြန်၏။-
10 ဤနည်းအားဖြင့်ယေရှဲသည်မိမိ၏သား ခုနစ်ယောက်အထိရှမွေလထံသို့ခေါ်ပေး လေသည်။ ရှမွေလကလည်း``ဤသူတို့အထဲ မှမည်သူ့ကိုမျှထာဝရဘုရားရွေးချယ် တော်မမူ'' ဟုဆိုပြီးလျှင်၊-
11 ``သင့်မှာအခြားသားများရှိပါသေးသလော'' ဟုယေရှဲအားမေး၏။ယေရှဲက``သားအငယ်ဆုံးရှိပါသေးသည်။ သူသည်သိုးများကိုကျောင်းလျက်နေပါ၏'' ဟုဆို၏။ရှမွေလက``သူ့အားခေါ်ခဲ့လော့။ သူမရောက် မချင်းငါတို့သည်ယဇ်ပူဇော်ပွဲကိုဝင်ကြ မည်မဟုတ်'' ဟုပြော၏။-
12 သို့ဖြစ်၍ယေရှဲသည်ထိုသားကိုခေါ်စေ၏။ သူသည်တင့်တယ်လှပ၊ ကျန်းမာသန်စွမ်းသော လူငယ်လူရွယ်တစ်ဦးဖြစ်၏။ သူ၏မျက်စိ များသည်တောက်ပကြည်လင်၏။ ထာဝရ ဘုရားကရှမွေလအား``ငါရွေးချယ်သူ ကားဤသူပေတည်း။ သူ့အားဘိသိက်ပေး လော့'' ဟုမိန့်တော်မူ၏။-
13 ရှမွေလသည်သံလွင်ဆီကိုယူ၍ဒါဝိဒ်အား သူ၏အစ်ကိုများရှေ့တွင်ဘိသိက်ပေးလေ သည်။ ထိုနေ့မှအစပြု၍ဘုရားသခင်၏ ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်သို့သက်ရောက် တည်နေတော်မူ၏။ ထိုနောက်ရှမွေလသည် ရာမမြို့သို့ပြန်လေ၏။