၁ ရာ 17:3-9 BCL

3 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​က​တောင်​ကုန်း​တစ်​ခု ပေါ်​တွင်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က​အ​ခြား​တောင်​ကုန်း​တစ်​ခု​ပေါ်​တွင် လည်း​ကောင်း​နေ​ရာ​ယူ​ထား​ကြ​၏။ သူ​တို့​၏ စပ်​ကြား​တွင်​ကား​ချိုင့်​ဝှမ်း​ခံ​လျက်​နေ​သ​တည်း။

4 ဂါ​သ​မြို့​သား​ဂေါ​လျတ်​ဆို​သူ​သည်​ဖိ​လိတ္တိ​တပ် စခန်း​မှ​ထွက်​လာ​ပြီး​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​မိ​မိ​နှင့်​တစ်​ဦး​ချင်း​စစ်​ထိုး​ရန်​စိန်​ခေါ် လေ​သည်။ သူ​သည်​အ​ရပ်​ကိုး​ပေ ခန့်​မြင့်​၍၊-

5 တစ်​ရာ​နှစ်​ဆယ့်​ငါး​ပေါင်​ခန့်​လေး​သော​ကြေး​ဝါ သံ​ချပ်​အင်္ကျီ​ကို​ဝတ်​ဆင်​ကာ​ကြေး​ဝါ​ခ​မောက် ကို​ဆောင်း​ထား​၏။-

6 ကြေး​ဝါ​ခြေ​စွပ်​ကို​လည်း​ဝတ်​လျက်​ကြေး​ဝါ လက်​ပစ်​လှံ​ကို​ပု​ခုံး​တွင်​လွယ်​ထား​၏။-

7 သူ​၏​လက်​ထိုး​လှံ​အ​ရိုး​သည်​ယက်​ကန်း​လက် လိပ်​တန်​တ​မျှ​ကြီး​၏။ သံ​လှံ​သွား​မှာ​လည်း တစ်​ဆယ့်​ငါး​ပေါင်​ခန့်​လေး​သည်။ သူ​၏​ဒိုင်း လွှား​ကို​ကိုင်​ဆောင်​သူ​စစ်​သည်​က​သူ​၏​ရှေ့ မှ​သွား​ရ​၏။-

8 ဂေါ​လျတ်​သည်​ရပ်​လျက်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဤ​အ​ရပ်​သို့ လာ​ကြ​သနည်း။ စစ်​တိုက်​ရန်​လော။ အ​ချင်း​ရှော​လု ၏​ကျွန်​တို့၊ ငါ​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​ဖြစ်​၏။ ငါ​နှင့်​စစ်​ထိုး​ရန်​သင်​တို့​အ​ထဲ​မှ​လူ​တစ် ယောက်​ကို​ရွေး​ချယ်​ကြ​လော့။-

9 အ​ကယ်​၍​ထို​သူ​သည်​ငါ့​ကို​နှိမ်​နင်း​သတ် ဖြတ်​နိုင်​လျှင် ငါ​တို့​သည်​သင်​တို့​ထံ​တွင်​ကျွန် ခံ​မည်။ သို့​ရာ​တွင်​အ​ကယ်​၍​ငါ​သည်​သူ့​ကို နှိမ်​နင်း​သတ်​ဖြတ်​နိုင်​ပါ​မူ သင်​တို့​သည်​ငါ တို့​ထံ​၌​ကျွန်​ခံ​ရ​ကြ​မည်။-