၁ ရာ 17:6-12 BCL

6 ကြေး​ဝါ​ခြေ​စွပ်​ကို​လည်း​ဝတ်​လျက်​ကြေး​ဝါ လက်​ပစ်​လှံ​ကို​ပု​ခုံး​တွင်​လွယ်​ထား​၏။-

7 သူ​၏​လက်​ထိုး​လှံ​အ​ရိုး​သည်​ယက်​ကန်း​လက် လိပ်​တန်​တ​မျှ​ကြီး​၏။ သံ​လှံ​သွား​မှာ​လည်း တစ်​ဆယ့်​ငါး​ပေါင်​ခန့်​လေး​သည်။ သူ​၏​ဒိုင်း လွှား​ကို​ကိုင်​ဆောင်​သူ​စစ်​သည်​က​သူ​၏​ရှေ့ မှ​သွား​ရ​၏။-

8 ဂေါ​လျတ်​သည်​ရပ်​လျက်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဤ​အ​ရပ်​သို့ လာ​ကြ​သနည်း။ စစ်​တိုက်​ရန်​လော။ အ​ချင်း​ရှော​လု ၏​ကျွန်​တို့၊ ငါ​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​ဖြစ်​၏။ ငါ​နှင့်​စစ်​ထိုး​ရန်​သင်​တို့​အ​ထဲ​မှ​လူ​တစ် ယောက်​ကို​ရွေး​ချယ်​ကြ​လော့။-

9 အ​ကယ်​၍​ထို​သူ​သည်​ငါ့​ကို​နှိမ်​နင်း​သတ် ဖြတ်​နိုင်​လျှင် ငါ​တို့​သည်​သင်​တို့​ထံ​တွင်​ကျွန် ခံ​မည်။ သို့​ရာ​တွင်​အ​ကယ်​၍​ငါ​သည်​သူ့​ကို နှိမ်​နင်း​သတ်​ဖြတ်​နိုင်​ပါ​မူ သင်​တို့​သည်​ငါ တို့​ထံ​၌​ကျွန်​ခံ​ရ​ကြ​မည်။-

10 ယ​ခု​ငါ​သည်​ဣ​သ​ရေ​လ​တပ်​မ​တော်​အား​ငါ နှင့်​တစ်​ဦး​ချင်း​စစ်​ထိုး​ရန်​စိန်​ခေါ်​ပါ​၏။ ငါ​နှင့် တိုက်​ခိုက်​ရန်​လူ​တစ်​ဦး​ကို​ရွေး​ချယ်​ကြ​လော့'' ဟု​ဆို​၏။-

11 ထို​စ​ကား​ကို​ကြား​သော​အ​ခါ​ရှော​လု​နှင့် သူ​၏​စစ်​သည်​တပ်​သား​တို့​သည်​ထိတ်​လန့် ကြ​ကုန်​၏။

12 ဒါ​ဝိဒ်​သည်​ယု​ဒ​ပြည်၊ ဗက်​လင်​မြို့​မှ​ဧ​ဖ​ရတ် အ​ရပ်​သား​ယေ​ရှဲ​၏​သား​ဖြစ်​၏။ ယေ​ရှဲ​တွင် သား​ရှစ်​ယောက်​ရှိ​၏။ ရှော​လု​မင်း​နန်း​စံ​ချိန်​၌ ယေ​ရှဲ​သည်​များ​စွာ​အို​မင်း​လျက်​နေ​လေ​ပြီ။-