၁ ရာ 18:1-4 BCL

1 ရှော​လု​နှင့်​ဒါ​ဝိဒ်​တို့​စ​ကား​ပြော​ပြီး​သည့် နောက်​ရှော​လု​၏​သား​ယော​န​သန်​သည် ဒါ​ဝိဒ် အ​ပေါ်​တွင်​လွန်​စွာ​ချစ်​ခင်​စွဲ​လန်း​လျက် သူ့​အား​မိ​မိ​ကိုယ်​နှင့်​အ​မျှ​ချစ်​လာ​၏။-

2 ရှော​လု​သည်​ဒါ​ဝိဒ်​အား​ထို​နေ့​မှ​စ​၍​အ​ပါး တော်​တွင်​နေ​စေ​တော်​မူ​၏။ အိမ်​ပြန်​ခွင့်​ကို​ပေး တော်​မ​မူ။-

3 ယော​န​သန်​သည်​ဒါ​ဝိဒ်​ကို​လွန်​စွာ​ချစ်​သ​ဖြင့် သူ​နှင့်​ရာ​သက်​ပန်​မိတ်​ဆွေ​ဖွဲ့​ရန်​ကျိန်​ဆို က​တိ​ပြု​လေ​သည်။-

4 သူ​သည်​မိ​မိ​ဝတ်​ဆင်​ထား​သည့်​ဝတ်​လုံ​နှင့် တ​ကွ​သံ​ချပ်​အင်္ကျီ၊ ဋ္ဌား၊ လေး၊ ခါး​စည်း​တို့ ကို​ဒါ​ဝိဒ်​အား​ပေး​၏။-