၁ ရာ 19:11-17 BCL

11 ထို​ညဥ့်​၌​ပင်​လျှင်​ဒါ​ဝိဒ်​၏​အိမ်​ကို​စောင့်​ကြည့် ရန်​နှင့် နောက်​တစ်​နေ့​နံ​နက်​၌​ဒါ​ဝိဒ်​ကို​သတ် ရန်​ရှော​လု​သည် လူ​အ​ချို့​တို့​ကို​စေ​လွှတ်​လိုက်​၏။ ဒါ​ဝိဒ်​၏​ဇ​နီး​မိ​ခါ​လ​သည်​ဒါ​ဝိဒ်​အား``အ​ရှင်၊ သင်​သည်​ယ​နေ့​ညဥ့်​၌​ပင်​ထွက်​ပြေး​ပါ​လော့။ သို့​မ​ဟုတ်​ပါ​က​နက်​ဖြန်​ခါ​အ​သတ်​ခံ​ရ​ပါ လိမ့်​မည်'' ဟု​သ​တိ​ပေး​ပြီး​နောက်၊-

12 ဒါ​ဝိဒ်​ကို​ပြူ​တင်း​ပေါက်​မှ​လျော​ချ​ပေး​လေ သည်။ ဒါ​ဝိဒ်​သည်​ထွက်​ပြေး​လွတ်​မြောက်​သွား ၏။-

13 ထို​နောက်​မိ​ခါ​လ​သည်​အိမ်​စောင့်​နတ်​ရုပ်​ကို ယူ​ပြီး​လျှင် အိပ်​ရာ​ပေါ်​မှာ​တင်​၍​ဆိတ်​မွေး ခေါင်း​အုံး​တစ်​လုံး​နှင့်​သိပ်​ထား​၏။ ထို​နောက် စောင်​ခြုံ​ပေး​ထား​၏။-

14 ရှော​လု​၏​လူ​တို့​သည်​ဒါ​ဝိဒ်​အား​ဖမ်း​ဆီး ရန်​လာ​ကြ​သော​အ​ခါ မိ​ခါ​လ​က``ဒါ​ဝိဒ် ဖျား​နေ​ပါ​သည်'' ဟု​ဆို​၏။-

15 သို့​ရာ​တွင်​ရှော​လု​သည်​မိ​မိ​လူ​တို့​ကို​တစ် ဖန်​စေ​လွှတ်​လျက်``သင်​တို့​ကိုယ်​တိုင်​ဒါ​ဝိဒ်​ကို ဝင်​ကြည့်​ကြ​လော့။ သူ့​ကို​အိပ်​ရာ​နှင့်​တ​ကွ ယ​ခု​ပင်​ငါ့​ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ​လော့။ သူ့​ကို​ငါ​ကိုယ်​တိုင်​သတ်​မည်'' ဟု​ဆို​၏။-

16 သူ​တို့​သည်​အိပ်​ခန်း​ထဲ​သို့​ဝင်​ကြည့်​ကြ​သော အ​ခါ ဆိတ်​မွေး​ခေါင်း​အုံး​နှင့်​သိပ်​ထား​သော အိမ်​စောင့်​နတ်​ရုပ်​ကို​အိပ်​ရာ​ပေါ်​တွင်​တွေ့​ရှိ ကြ​၏။-

17 ရှော​လု​က​မိ​ခါ​လ​အား``သင်​သည်​အ​ဘယ် ကြောင့်​ငါ့​အား​ဤ​သို့​လှည့်​စား​၍ ငါ့​ရန်​သူ ကို​ထွက်​ပြေး​စေ​ပါ​သ​နည်း''ဟု​မေး​တော် မူ​လျှင်၊မိ​ခါ​လ​က``သူ့​အား​လွတ်​မြောက်​အောင်​မ​ကူ ညီ​လျှင် ကျွန်​မ​အား​သတ်​ပစ်​မည်​ဟု​ဆို​သော ကြောင့်​ဖြစ်​ပါ​သည်'' ဟု​လျှောက်​၏။