17 ရှောလုကမိခါလအား``သင်သည်အဘယ် ကြောင့်ငါ့အားဤသို့လှည့်စား၍ ငါ့ရန်သူ ကိုထွက်ပြေးစေပါသနည်း''ဟုမေးတော် မူလျှင်၊မိခါလက``သူ့အားလွတ်မြောက်အောင်မကူ ညီလျှင် ကျွန်မအားသတ်ပစ်မည်ဟုဆိုသော ကြောင့်ဖြစ်ပါသည်'' ဟုလျှောက်၏။
18 ဒါဝိဒ်သည်ယင်းသို့ထွက်ပြေးလွတ်မြောက်သွား ပြီးလျှင် ရာမမြို့ရှိရှမွေလထံသို့သွား၍ မိမိ အားရှောလုပြုသမျှသောအမှုတို့ကို ပြောပြ၏။ ထိုနောက်သူနှင့်ရှမွေလတို့သည် နာယုတ်ရွာသို့သွားရောက်နေထိုင်ကြ၏။-
19 ရှောလုသည်ရာမမြို့အပိုင်နာယုတ်ရွာတွင် ဒါဝိဒ်ရှိနေကြောင်းသတင်းရသဖြင့်၊-
20 သူ့ကိုဖမ်းဆီးရန်လူအချို့တို့ကိုစေလွှတ် တော်မူလိုက်၏။ သူတို့သည်ရှမွေလခေါင်း ဆောင်ကာ ကခုန်အော်ဟစ်နေကြသော ပရောဖက်တစ်စုကိုမြင်ကြ၏။ ထိုအခါ ဘုရားသခင်၏ဝိညာဉ်တော်သည် ရှောလု ၏လူတို့အပေါ်သို့သက်ရောက်သဖြင့် သူတို့သည်လည်းကခုန်အော်ဟစ်ကြ၏။-
21 ဤအကြောင်းကိုရှောလုကြားသောအခါ စေတမန်များကိုထပ်မံ၍လွှတ်လိုက်ပြန်၏။ သူတို့သည်လည်းကခုန်အော်ဟစ်ကြ၏။ ရှောလု သည်တတိယအကြိမ်စေတမန်များကို လွှတ်လိုက်သောအခါ၌လည်း ဤနည်း အတိုင်းပင်ဖြစ်ပျက်ပြန်လေသည်။-
22 ထိုအခါရှောလုသည်မိမိကိုယ်တိုင်ရာမ မြို့သို့ထွက်လာတော်မူ၏။ သူသည်စေခုရေ တွင်းကြီးသို့ရောက်ရှိလာသောအခါ ရှမွေလ နှင့်ဒါဝိဒ်တို့ရှိရာအရပ်ကိုမေးမြန်းစုံစမ်း ရာနာယုတ်ရွာတွင်ရှိနေကြကြောင်းသိရှိ တော်မူ၏။-
23 ထိုရွာသို့ခရီးပြုနေခိုက်သူ၏အပေါ်သို့ လည်း ဘုရားသခင်၏ဝိညာဉ်တော်သက်ရောက် တော်မူ၍ သူသည်တစ်လမ်းလုံးနာယုတ်ရွာ ရောက်သည်တိုင်အောင်ကခုန်အော်ဟစ်လျက် သွားလေသည်။-