20 ထိုအခါဧလိသည်ဧလကာနနှင့်ဇနီး အား ကောင်းချီးပေးပြီးလျှင်``ထာဝရဘုရား အားသင်ဆက်ကပ်သည့်သားအစား ကိုယ်တော် သည်သင့်အားဤအမျိုးသမီးအားဖြင့် အခြားသားသမီးများကိုပေးသနား တော်မူပါစေသော'' ဟုဧလကာနအား ပြောလေ့ရှိ၏။ထိုနောက်သူတို့သည်မိမိတို့နေအိမ်သို့ပြန် သွားကြ၏။
21 ထာဝရဘုရားသည်ဟန္နကိုကောင်းချီးပေး တော်မူသဖြင့် သူသည်သားသုံးယောက်နှင့် သမီးနှစ်ယောက်ကိုရလေသည်။ သူငယ် ရှမွေလသည်ထာဝရဘုရား၏အမှု တော်ကိုဆောင်ရွက်လျက်ကြီးပြင်းလာ၏။
22 ယခုအခါ၌ဧလိသည်လွန်စွာအိုမင်းလျက် ရှိ၏။ မိမိ၏သားများကဣသရေလအမျိုး သားတို့အားပြုသမျှတို့ကိုလည်းကောင်း၊ သူ တို့သည်ထာဝရဘုရားစံတော်မူရာတဲတော် အဝင်ဝ၌ အလုပ်တာဝန်ကျသူအမျိုးသမီး များနှင့်ပင်မှားယွင်းကြကြောင်းကိုလည်း ကောင်းဧလိကြားသိရသည်။-
23 ထို့ကြောင့်ဧလိက``သင်တို့သည်အဘယ်ကြောင့် ဤအမှုတို့ကိုပြုကြသနည်း။ သင်တို့ပြု သည့်ဒုစရိုက်ကိုလူတိုင်းပင်ပြောကြား လျက်ရှိ၏။-
24 ငါ့သားတို့ထာဝရဘုရား၏လူမျိုးတော် တို့ပြောဆိုနေကြသောအကြောင်းမှာ ဆိုး ရွားလှပါသည်တကား။-
25 လူအချင်းချင်းပြစ်မှားသူတို့ကိုထာဝရ ဘုရားသည်ကာကွယ်စောင့်ရှောက်နိုင်သော်လည်း ထာဝရဘုရားအားပြစ်မှားသောသူကိုမူ ကားအဘယ်သူကာကွယ်စောင့်ရှောက်နိုင်ပါ မည်နည်း'' ဟုသားတို့အားပြော၏။သို့ရာတွင်သူတို့သည်ဖခင်၏စကားကို နားမထောင်ကြ။ အဘယ်ကြောင့်ဆိုသော် ထာဝရဘုရားသည် သူတို့အားကွပ်မျက် ရန်ဆုံးဖြတ်ထားပြီးဖြစ်သောကြောင့်တည်း။
26 သူငယ်ရှမွေလသည်ဆက်လက်ကြီးပြင်း၍ ထာဝရဘုရား၏ရှေ့လူတို့ရှေ့၌မျက်နှာ ရလေ၏။