20 သို့ရာတွင်အဟိမလက်၏သားတစ်ဦးဖြစ် သူအဗျာသာသည် ထွက်ပြေးလွတ်မြောက် သွားကာဒါဝိဒ်ထံသို့ရောက်ရှိလာ၏။-
21 သူသည်ထာဝရဘုရား၏ယဇ်ပုရောဟိတ် တို့အား ရှောလုသတ်ဖြတ်ပုံကိုဒါဝိဒ်အား ပြောပြလေသည်။-
22 ဒါဝိဒ်က``ဒေါဂသည်ရှောလုအားဤသို့ပြန် ကြားမည်ကို သူ့အားထိုအရပ်တွင်တွေ့ရသည့် နေ့ကပင်လျှင်ငါသိ၏။ သို့ဖြစ်၍သင်၏ဆွေ မျိုးသားချင်းအပေါင်းသေရကြသည်မှာ ငါ့ကြောင့်ပါတကား။ သင်သည်ငါနှင့်အတူ နေလော့။ မကြောက်နှင့်။-
23 သင်၏အသက်အန္တရာယ်ကိုရှာကြံသောသူ သည် ငါ၏အသက်အန္တရာယ်ကိုလည်းရှာကြံ ၏။ သို့ရာတွင်သင်သည်ငါနှင့်အတူနေလျှင် လုံခြုံလိမ့်မည်'' ဟုဆို၏။