14 ဒါဝိဒ်သည်ဇိဖတောကန္တာရရှိတောင်ထူ ထပ်သောအရပ်တွင်ပုန်းအောင်းလျက်နေ၏။ ရှောလုသည်သူ့အားအချိန်ရှိသမျှကြိုး စား၍ရှာဖွေသော်လည်း ဘုရားသခင်သည် ဒါဝိဒ်အားရှောလု၏လက်သို့ပေးအပ်တော် မမူ။-
15 ဒါဝိဒ်သည်မိမိ၏အသက်အန္တရာယ်ကို ရှောလုရှာကြံကြောင်းသိမြင်၏။ဒါဝိဒ်သည်ဇိဖတောကန္တာရရှိဟောရေရှ အရပ်သို့ရောက်ရှိနေစဉ်၊-
16 ယောနသန်သည်ဒါဝိဒ်ထံသို့လာ၍ ဘုရားသခင်၏ကွယ်ကာစောင့်ထိန်းမှုကိုစိတ်ချ ယုံကြည်ရန်အားပေးလျက်၊-
17 ``မကြောက်ပါနှင့်။ ငါ၏ခမည်းတော်ရှောလု သည်သင့်အား အဘယ်သို့မျှဘေးအန္တရာယ် ပြုနိုင်လိမ့်မည်မဟုတ်ပါ။ သင်သည်ဣသ ရေလဘုရင်ဖြစ်မည်ကိုလည်းကောင်း၊ ငါ သည်သင်၏ညာလက်ရုံးဖြစ်မည်ကိုလည်း ကောင်းသူကောင်းစွာသိပါ၏'' ဟုပြော ကြား၏။-
18 ထိုနောက်သူတို့သည်အပြန်အလှန်ကတိသစ္စာ ပြုကြပြီးလျှင် ဒါဝိဒ်သည်ဟောရေရှအရပ် တွင်နေရစ်၍ယောနသန်မူကားမိမိ၏အိမ် သို့ပြန်လေ၏။
19 ဇိဖအရပ်မှလူအချို့တို့သည်ရှောလုရှိ ရာဂိဗာမြို့သို့သွား၍``ဒါဝိဒ်သည်အကျွန်ုပ် တို့၏နယ်အတွင်းယုဒတောကန္တာရတောင် ပိုင်း၊ ဟခိလတောင်ထိပ်ပေါ်ရှိဟောရေရှ အရပ်တွင်ပုန်းအောင်းနေပါသည်။-
20 အရှင်မင်းကြီး၊ ကိုယ်တော်သည်သူ့အားအလွန် ပင်ဖမ်းဆီးရမိလိုကြောင်းကိုအကျွန်ုပ်တို့ သိကြပါ၏။ သို့ဖြစ်၍အကျွန်ုပ်တို့၏နယ် သို့ကြွတော်မူပါ။ သူ့အားဖမ်းမိရန်အကျွန်ုပ် တို့တာဝန်ယူပါမည်'' ဟုလျှောက်ထားကြ၏။