၁ ရာ 23:6-12 BCL

6 အ​ဟိ​မ​လက်​၏​သား​အ​ဗျာ​သာ​သည်​ထွက် ပြေး​လွတ်​မြာက်​ပြီး​နောက် ကိ​လ​မြို့​ရှိ​ဒါ​ဝိဒ် ထံ​သို့​ဝင်​ရောက်​လာ​သော​အ​ခါ သူ​သည်​မိ​မိ နှင့်​အ​တူ​ယဇ်​ပု​ရော​ဟိတ်​သင်​တိုင်း​ကို​ယူ ဆောင်​လာ​ခဲ့​၏။

7 ကိ​လ​မြို့​သို့​ဒါ​ဝိဒ်​ရောက်​ကြောင်း​ကို​ရှော​လု ကြား​လျှင်``ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​အား ငါ​၏​လက်​သို့​အပ်​တော်​မူ​ပြီ။ ဒါ​ဝိဒ်​သည်​မြို့ ရိုး​နှင့်​မြို့​တံ​ခါး​အ​ခိုင်​အ​မာ​ရှိ​သည့်​မြို့​ထဲ သို့​ရောက်​ခြင်း​အား​ဖြင့် ထောင်​ချောက်​တွင်း သို့​သက်​ဆင်း​လေ​ပြီ'' ဟု​ဆို​၏။-

8 ထို့​ကြောင့်​ရှော​လု​သည်​စစ်​သည်​တပ်​သား​များ အား​ဆင့်​ခေါ်​ပြီး​လျှင် ကိ​လ​မြို့​သို့​ချီ​တက် ၍​ဒါ​ဝိဒ်​နှင့်​အ​ပေါင်း​ပါ​တို့​အား​ဝိုင်း​ရံ​ရန် အ​မိန့်​ပေး​တော်​မူ​၏။

9 ဒါ​ဝိဒ်​သည်​မိ​မိ​အား ရှော​လု​တိုက်​ခိုက်​ရန်​ကြံ စည်​လျက်​နေ​ကြောင်း​ကြား​လျှင် ယဇ်​ပု​ရော ဟိတ်​အ​ဗျာ​သာ​အား``သင်​တိုင်း​တော်​ကို​ယူ ဆောင်​ခဲ့​လော့'' ဟု​ဆို​၏။-

10 ထို​နောက်​ဒါ​ဝိဒ်​က``အို ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ရှော​လု သည်​ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ကျွန်​တော်​မျိုး ကြောင့်​ကိ​လ​မြို့​သို့​လာ​ရောက်​၍ မြို့​ကို​ဖျက် ဆီး​ပစ်​ရန်​ကြံ​စည်​လျက်​ရှိ​ကြောင်း​ကြား​ရ ပါ​၏။-

11 ကိ​လ​မြို့​သား​တို့​သည်​ကျွန်​တော်​မျိုး​အား ရှော​လု​လက်​သို့​ပေး​အပ်​ကြ​ပါ​မည်​လော။ ကျွန် တော်​မျိုး​ကြား​ရ​သည့်​အ​တိုင်း ရှော​လု​သည် အ​ကယ်​ပင်​လာ​ရောက်​ပါ​မည်​လော။ အို ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​ဗျာ ဒိတ်​ပေး​သ​နား​တော်​မူ​ပါ'' ဟု​လျှောက်​၏။ထာ​ဝ​ရ​ဘု​ရား​က``ရှော​လု​လာ​လိမ့်​မည်'' ဟု ဖြေ​ကြား​တော်​မူ​လျှင်၊

12 ဒါ​ဝိဒ်​က``ကိ​လ​မြို့​သား​တို့​သည်​ကျွန်​တော် မျိုး​နှင့်​အ​ပေါင်း​ပါ​တို့​အား​ရှော​လု​လက်​သို့ ပေး​အပ်​ကြ​မည်​လော'' ဟု​တစ်​ဖန်​မေး​လျှောက် ပြန်​၏။ထာ​ဝ​ရ​ဘု​ရား​က``ပေး​အပ်​ကြ​လိမ့်​မည်'' ဟု ဖြေ​ကြား​တော်​မူ​၏။