8 ထို့ကြောင့်ရှောလုသည်စစ်သည်တပ်သားများ အားဆင့်ခေါ်ပြီးလျှင် ကိလမြို့သို့ချီတက် ၍ဒါဝိဒ်နှင့်အပေါင်းပါတို့အားဝိုင်းရံရန် အမိန့်ပေးတော်မူ၏။
9 ဒါဝိဒ်သည်မိမိအား ရှောလုတိုက်ခိုက်ရန်ကြံ စည်လျက်နေကြောင်းကြားလျှင် ယဇ်ပုရော ဟိတ်အဗျာသာအား``သင်တိုင်းတော်ကိုယူ ဆောင်ခဲ့လော့'' ဟုဆို၏။-
10 ထိုနောက်ဒါဝိဒ်က``အို ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရား၊ ရှောလု သည်ကိုယ်တော်ရှင်၏အစေခံကျွန်တော်မျိုး ကြောင့်ကိလမြို့သို့လာရောက်၍ မြို့ကိုဖျက် ဆီးပစ်ရန်ကြံစည်လျက်ရှိကြောင်းကြားရ ပါ၏။-
11 ကိလမြို့သားတို့သည်ကျွန်တော်မျိုးအား ရှောလုလက်သို့ပေးအပ်ကြပါမည်လော။ ကျွန် တော်မျိုးကြားရသည့်အတိုင်း ရှောလုသည် အကယ်ပင်လာရောက်ပါမည်လော။ အို ဣသ ရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ ကျွန်တော်မျိုးအားဗျာ ဒိတ်ပေးသနားတော်မူပါ'' ဟုလျှောက်၏။ထာဝရဘုရားက``ရှောလုလာလိမ့်မည်'' ဟု ဖြေကြားတော်မူလျှင်၊
12 ဒါဝိဒ်က``ကိလမြို့သားတို့သည်ကျွန်တော် မျိုးနှင့်အပေါင်းပါတို့အားရှောလုလက်သို့ ပေးအပ်ကြမည်လော'' ဟုတစ်ဖန်မေးလျှောက် ပြန်၏။ထာဝရဘုရားက``ပေးအပ်ကြလိမ့်မည်'' ဟု ဖြေကြားတော်မူ၏။
13 ထို့ကြောင့်ဒါဝိဒ်နှင့်ခြောက်ရာခန့်ရှိသောအပေါင်း ပါတို့သည် ချက်ချင်းပင်ကိလမြို့မှထွက်၍သင့် ရာသို့ဆုတ်ခွာသွားကြ၏။ ကိလမြို့မှဒါဝိဒ် ထွက်ပြေးသွားကြောင်းရှောလုကြားသိသော အခါ မိမိ၏အကြံအစည်ကိုဖျက်သိမ်းလိုက် လေသည်။
14 ဒါဝိဒ်သည်ဇိဖတောကန္တာရရှိတောင်ထူ ထပ်သောအရပ်တွင်ပုန်းအောင်းလျက်နေ၏။ ရှောလုသည်သူ့အားအချိန်ရှိသမျှကြိုး စား၍ရှာဖွေသော်လည်း ဘုရားသခင်သည် ဒါဝိဒ်အားရှောလု၏လက်သို့ပေးအပ်တော် မမူ။-