၁ ရာ 24:15-21 BCL

15 အ​ကျွန်ုပ်​တို့​နှစ်​ဦး​အ​နက်​အ​ဘယ်​သူ​မှား သည်​ကို ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​ဆုံး​ဖြတ်​တော် မူ​ပါ​လိမ့်​မည်။ ကိုယ်​တော်​သည်​ဤ​အ​မှု​ကို ကြည့်​ရှု​စစ်​ဆေး​တော်​မူ​ပါ​စေ​သော။ အ​ကျွန်ုပ် ၏​ဘက်​မှ​ချေ​ပ​တော်​မူ​၍​အ​ကျွန်ုပ်​အား အ​ရှင်​၏​လက်​မှ​ကယ်​တော်​မူ​ပါ​စေ​သော'' ဟု​လျှောက်​လေ​၏။

16 ဤ​သို့​ဒါ​ဝိဒ်​လျှောက်​ထား​ပြီး​သော​အ​ခါ ရှော​လု​က``သင်​သည်​အ​ကယ်​ပင်​ငါ​၏​သား ဒါ​ဝိဒ်​ပေ​လော'' ဟု​ဆို​၍​ငို​ကြွေး​တော်​မူ​၏။-

17 ထို​နောက်​ဒါ​ဝိဒ်​အား``သင်​သည်​မှန်​ကန်​၍ ငါ​သည်​မှား​ပါ​၏။ ငါ​သည်​သင့်​အား​ဆိုး ယုတ်​စွာ​ပြု​ခဲ့​သော်​လည်း သင်​သည်​ငါ့ ကို​ကျေး​ဇူး​ပြု​ပါ​သည်​တ​ကား။-

18 ယ​နေ့​ငါ့​အား​သင်​ပြု​သော​ကျေး​ဇူး​သည် ကြီး​လှ​ပါ​ပေ​သည်။ ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား​သင့်​လက်​သို့​ပေး​အပ်​တော်​မူ​သော် လည်း​သင်​သည်​ငါ့​ကို​မ​သတ်​ခဲ့​ပါ။-

19 လူ​သည်​မိ​မိ​ရန်​သူ​ကို​ဖမ်း​ဆီး​ရ​မိ​ပြီး နောက် ဘယ်​အ​ခါ​၌​ချမ်း​သာ​ပေး​ဖူး​ပါ သ​နည်း။ ယ​နေ့​ငါ့​အား​သင်​ပြု​သော​အ​မှု အ​တွက် ဘု​ရား​သ​ခင်​သင့်​ကို​ကောင်း​ချီး ပေး​တော်​မူ​ပါ​စေ​သော။-

20 သင်​သည်​ဣ​သ​ရေ​လ​ဘု​ရင်​ဖြစ်​လာ​မည်​ကို လည်း​ကောင်း၊ ဣ​သ​ရေ​လ​ပြည်​သည်​သင်​၏ လက်​ဝယ်​ဆက်​လက်​တည်​မြဲ​နေ​မည်​ကို​လည်း ကောင်း​ယ​ခု​ငါ​အ​သေ​အ​ချာ​သိ​ပါ​၏။-

21 သို့​ရာ​တွင်​ငါ​၏​နာမည်​နှင့်​ငါ့​အိမ်​ထောင်​စု​နာ မည်​သည်​လုံး​ဝ​ပျောက်​ကွယ်​၍​မ​သွား​စေ​ရန် သင်​သည်​ငါ့​သား​မြေး​တို့​အား​အ​သက်​ချမ်း သာ​ပေး​ပါ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​တိုင်​တည်​၍​ငါ့​အား​က​တိ​ပြု​ပါ လော့'' ဟု​ဆို​လျှင်၊-