၁ ရာ 25:1-6 BCL

1 ရှ​မွေ​လ​ကွယ်​လွန်​သွား​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည်​လာ​ရောက်​စု ဝေး​လျက်​ငို​ကြွေး​မြည်​တမ်း​ကြ​၏။ ထို​နောက် သူ့​အား​ရာ​မ​မြို့​နေ​အိမ်​တွင်​သင်္ဂြိုဟ်​လိုက် ကြ​၏။ယင်း​သို့​သင်္ဂြိုဟ်​ပြီး​သော​အ​ခါ​ဒါ​ဝိဒ်​သည် ပါ​ရန်​တော​ကန္တာ​ရ​သို့​ထွက်​ခွာ​သွား​လေ သည်။-

2-3 ကာ​လက်​သား​ချင်း​စု​တွင်​မော​န​မြို့​သား နာ​ဗ​လ​ဆို​သူ​လူ​တစ်​ယောက်​ရှိ​၏။ သူ​သည် က​ရ​မေ​လ​မြို့​အ​နီး​တွင်​နေ​ထိုင်​သော​မြေ ပိုင်​ရှင်​ဖြစ်​သည်။ သူ​သည်​သိုး​သုံး​ထောင်​နှင့် ဆိတ်​တစ်​ထောင်​ကို​ပိုင်​သ​ဖြင့် အ​လွန်​ကြွယ်​ဝ ချမ်း​သာ​သူ​ဖြစ်​၏။ သူ​၏​ဇ​နီး​အ​ဘိ​ဂဲ​လ သည်​အ​ဆင်း​လှ​၍ ပ​ညာ​အ​မြော်​အ​မြင်​ရှိ သူ​အ​မျိုး​သ​မီး​ဖြစ်​၏။ နာ​ဗ​လ​မူ​ကား သ​ဘော​ယုတ်​၍​ရိုင်း​ပြ​သူ​ဖြစ်​သ​တည်း။နာ​ဗ​လ​သည်​က​ရ​မေ​လ​မြို့​တွင်​မိ​မိ​၏​သိုး များ​ကို​အ​မွေး​ညှပ်​လျက်​နေ​၏။-

4 ထို​အ​ကြောင်း​ကို​တော​ကန္တာ​ရ​ရှိ​ဒါ​ဝိဒ်​ကြား သိ​ရ​သ​ဖြင့်၊-

5 က​ရ​မေ​လ​မြို့​သို့​လူ​ငယ်​လူ​ရွယ်​ဆယ်​ယောက် ကို​စေ​လွှတ်​ကာ``သင်​တို့​သည်​နာ​ဗ​လ​ကို​ရှာ​၍ ငါ့​ကိုယ်​စား​နှုတ်​ဆက်​ကြ​လော့။-

6 သူ့​အား​ဤ​သို့​ပြော​ကြား​လော့။ `ချစ်​မိတ်​ဆွေ၊ ဒါ​ဝိဒ်​သည်​သင့်​ကို​နှုတ်​ဆက်​လိုက်​ပါ​၏။ သင် နှင့်​တ​ကွ​သင်​၏​အိမ်​ထောင်​စု​သား​များ​သည် လည်း​ကောင်း၊ သင်​နှင့်​သက်​ဆိုင်​သူ​အ​ပေါင်း​တို့ သည်​လည်း​ကောင်း ကျန်း​မာ​ချမ်း​သာ​ကြ​စေ ရန်​ဆု​တောင်း​မေတ္တာ​ပို့​သ​လိုက်​ပါ​သည်။-