၁ ရာ 25:10-16 BCL

10 နာ​ဗ​လ​က​လည်း``ဒါ​ဝိဒ်​ဆို​သူ​မှာ​အ​ဘယ် သူ​နည်း။ သူ​၏​အကြောင်း​ကို​ငါ​တစ်​ခါ​မျှ မ​ကြား​ဘူး​ပါ​တ​ကား။ ယ​ခု​ခေတ်​အ​ခါ ၌​တိုင်း​ပြည်​သည်​ကျွန်​ပြေး​များ​နှင့်​ပြည့် နှက်​လျက်​ရှိ​နေ​လေ​ပြီ။-

11 သိုး​မွေး​ညှပ်​သူ​တို့​အ​တွက်​ပြင်​ဆင်​ထား​သည့် ငါ့​မုန့်၊ ငါ့​ရေ၊ ငါ့​အ​မဲ​သား​ကို​ယူ​၍​လေ​လွင့် နေ​သူ​တို့​အား​မ​ပေး​နိုင်'' ဟု​ပြန်​၍​ပြော​၏။

12 ဒါ​ဝိဒ်​၏​လူ​တို့​သည်​ပြန်​လာ​ပြီး​လျှင် နာ​ဗ​လ ပြော​ဆို​လိုက်​သော​စ​ကား​ကို​ဒါ​ဝိဒ်​အား ပြော​ပြ​ကြ​၏။-

13 ထို​အ​ခါ​ဒါ​ဝိဒ်​သည်​သူ​တို့​အား``ဋ္ဌား​ကို​ခါး တွင်​ပတ်​စည်း​ကြ​လော့'' ဟု​အ​မိန့်​ပေး​သည့် အ​တိုင်း​သူ​တို့​သည်​ပတ်​စည်း​ကြ​၏။ ဒါ​ဝိဒ် သည်​လည်း​မိ​မိ​၏​ဋ္ဌား​ကို​ခါး​တွင်​ပတ်​စည်း ကာ လူ​လေး​ရာ​ခန့်​နှင့်​အ​တူ​ထွက်​ခွာ​သွား လေ​သည်။ လူ​နှစ်​ရာ​ကို​မူ​စ​ခန်း​စောင့်​ရန် ထား​ခဲ့​၏။

14 နာ​ဗ​လ​၏​အ​စေ​ခံ​တစ်​ဦး​က နာ​ဗ​လ​၏ ဇ​နီး​အ​ဘိ​ဂဲ​လ​အား``ဤ​အ​ကြောင်း​ကို သ​ခင်​မ​ကြား​ပြီး​ပါ​ပြီ​လော။ ဒါ​ဝိဒ်​သည် တော​ကန္တာ​ရ​မှ​နေ​၍ ကျွန်​တော်​တို့​၏​သ​ခင် ထံ​သို့​စေ​တ​မန်​တို့​ကို​လွှတ်​ကာ​နှုတ်​ဆက် ပါ​၏။ သို့​ရာ​တွင်​သ​ခင်​က​ထို​သူ​တို့​အား စော်​ကား​မော်​ကား​ပြော​ဆို​လိုက်​ပါ​၏။-

15 သူ​တို့​သည်​ကား​ကျွန်​တော်​တို့​အား​များ​စွာ ကျေး​ဇူး​ပြု​သူ​များ​ဖြစ်​ပါ​၏။ အ​ဘယ်​အ​ခါ ၌​မျှ​ကျွန်​တော်​တို့​အား​အ​နှောင့်​အ​ယှက်​မ ပေး​ခဲ့​ကြ​ပါ။ ကျွန်​တော်​တို့​သည်​သူ​တို့​နှင့် အ​တူ​ကွင်း​ထဲ​တွင်​ရှိ​နေ​စဉ်​အ​ခါ​များ​၌ လည်း တစ်​စုံ​တစ်​ရာ​မျှ​ပျောက်​ဆုံး​ခဲ့​သည် ဟူ​၍​ပင်​မ​ရှိ​ပါ။-

16 သိုး​အုပ်​များ​ကို​ကျွန်​တော်​တို့​ထိန်း​ကျောင်း လျက်​နေ​စဉ် သူ​တို့​သည်​ကျွန်​တော်​တို့​အား ကွယ်​ကာ​စောင့်​ရှောက်​ခဲ့​ကြ​ပါ​၏။-