၁ ရာ 25:17-23-24 BCL

17 ဤ​အ​မှု​ကို​ဆင်​ခြင်​စဉ်း​စား​၍​အ​ဘယ်​သို့ ပြု​သင့်​သည်​ကို​ဆုံး​ဖြတ်​ပါ​လော့။ ဤ​ကိစ္စ သည်​ကျွန်​တော်​တို့​၏​သ​ခင်​နှင့်​အိမ်​ထောင်​စု တစ်​ခု​လုံး​ကို​ဘေး​ဥ​ပဒ်​ပေး​နိုင်​ပါ​သည်။ ကျွန်​တော်​တို့​၏​သ​ခင်​သည်​စိတ်​သ​ဘော ထား​သေး​သိမ်​သူ​ဖြစ်​၍ အ​ဘယ်​သူ​၏ စ​ကား​ကို​မျှ​နား​ထောင်​လိမ့်​မည်​မ​ဟုတ် ပါ'' ဟု​ဆို​၏။

18 အ​ဘိ​ဂဲ​လ​သည်​မုန့်​အ​လုံး​နှစ်​ရာ၊ စ​ပျစ်​ရည် အ​ပြည့်​ရှိ​သော​သား​ရေ​ဘူး​နှစ်​ဘူး၊ သိုး​ကင် ငါး​ကောင်၊ ပေါက်​ပေါက်​နှစ်​တင်း၊ စ​ပျစ်​သီး​ခြောက် အ​ပြွတ်​တစ်​ရာ​နှင့်​သင်္ဘော​သ​ဖန်း​သီး​ပျဉ် အ​ပြား​နှစ်​ရာ​ကို အ​လျင်​အ​မြန်​စု​ဆောင်း ပြီး​လျှင်​မြည်း​များ​အ​ပေါ်​သို့​တင်​၏။-

19 ထို​နောက်​သူ​၏​အ​စေ​ခံ​တို့​အား``သင်​တို့​ရှေ့ မှ​သွား​နှင့်​ကြ။ ငါ​နောက်​က​လိုက်​ခဲ့​မည်'' ဟု ဆို​၏။ မိ​မိ​၏​ခင်​ပွန်း​နာ​ဗ​လ​ကို​မူ​အ​သိ မ​ပေး​ချေ။

20 သူ​သည်​မြည်း​ကို​စီး​၍​လာ​ရာ​တောင်​ခြေ​လမ်း ကွေ့​သို့​ရောက်​သော​အ​ခါ မိ​မိ​၏​ထံ​သို့​ဦး​တည် လာ​နေ​သော​ဒါ​ဝိဒ်​တို့​လူ​စု​နှင့်​ရုတ်​တ​ရက် ဆုံ​မိ​လေ​၏။-

21 ထို​သို့​မ​ဆုံ​မိ​ခင်​ဒါ​ဝိဒ်​က ဤ​သို့​ဆို​၏။ ``အ​ဘယ် ကြောင့်​တော​ကန္တာ​ရ​တွင် ထို​လူ​၏​ပစ္စည်း​ဥစ္စာ​များ ကို​ငါ​စောင့်​ထိန်း​ပေး​ခဲ့​မိ​ပါ​သ​နည်း။ ယင်း​သို့ သူ့​အား​ကူ​ညီ​စောင့်​ရှောက်​ခဲ့​သ​ဖြင့် ဤ​သို့​ငါ့ အား​ကျေး​ဇူး​ကန်း​လေ​ပြီ​တ​ကား။-

22 မိုး​မ​လင်း​မီ​သူ​တို့​အား​တစ်​ယောက်​မ​ကျန် ငါ​မ​သတ်​ပါ​မူ ဘု​ရား​သ​ခင်​သည်​ငါ့​အား အ​ဆုံး​စီ​ရင်​တော်​မူ​ပါ​စေ​သော။''

23-24 အ​ဘိ​ဂဲ​လ​သည်​ဒါ​ဝိဒ်​ကို​မြင်​လျှင်​ဆော​လျင် စွာ​မြည်း​ပေါ်​မှ​ဆင်း​၍ ဒါ​ဝိဒ်​၏​ခြေ​ရင်း​တွင် မြေ​ပေါ်​သို့​လှဲ​ချ​ကာ ဤ​သို့​လျှောက်​၏။ ``အ​ရှင်၊ ကျေး​ဇူး​ပြု​၍​ကျွန်​မ​၏​စ​ကား​ကို​နား​ထောင် တော်​မူ​ပါ။ ဖြစ်​ခဲ့​သ​မျှ​အ​မှု​အ​တွက်​ကျွန်​မ ကို​ပင်​အ​ပြစ်​တင်​တော်​မူ​ပါ။-