၁ ရာ 25:20-27 BCL

20 သူ​သည်​မြည်း​ကို​စီး​၍​လာ​ရာ​တောင်​ခြေ​လမ်း ကွေ့​သို့​ရောက်​သော​အ​ခါ မိ​မိ​၏​ထံ​သို့​ဦး​တည် လာ​နေ​သော​ဒါ​ဝိဒ်​တို့​လူ​စု​နှင့်​ရုတ်​တ​ရက် ဆုံ​မိ​လေ​၏။-

21 ထို​သို့​မ​ဆုံ​မိ​ခင်​ဒါ​ဝိဒ်​က ဤ​သို့​ဆို​၏။ ``အ​ဘယ် ကြောင့်​တော​ကန္တာ​ရ​တွင် ထို​လူ​၏​ပစ္စည်း​ဥစ္စာ​များ ကို​ငါ​စောင့်​ထိန်း​ပေး​ခဲ့​မိ​ပါ​သ​နည်း။ ယင်း​သို့ သူ့​အား​ကူ​ညီ​စောင့်​ရှောက်​ခဲ့​သ​ဖြင့် ဤ​သို့​ငါ့ အား​ကျေး​ဇူး​ကန်း​လေ​ပြီ​တ​ကား။-

22 မိုး​မ​လင်း​မီ​သူ​တို့​အား​တစ်​ယောက်​မ​ကျန် ငါ​မ​သတ်​ပါ​မူ ဘု​ရား​သ​ခင်​သည်​ငါ့​အား အ​ဆုံး​စီ​ရင်​တော်​မူ​ပါ​စေ​သော။''

23-24 အ​ဘိ​ဂဲ​လ​သည်​ဒါ​ဝိဒ်​ကို​မြင်​လျှင်​ဆော​လျင် စွာ​မြည်း​ပေါ်​မှ​ဆင်း​၍ ဒါ​ဝိဒ်​၏​ခြေ​ရင်း​တွင် မြေ​ပေါ်​သို့​လှဲ​ချ​ကာ ဤ​သို့​လျှောက်​၏။ ``အ​ရှင်၊ ကျေး​ဇူး​ပြု​၍​ကျွန်​မ​၏​စ​ကား​ကို​နား​ထောင် တော်​မူ​ပါ။ ဖြစ်​ခဲ့​သ​မျှ​အ​မှု​အ​တွက်​ကျွန်​မ ကို​ပင်​အ​ပြစ်​တင်​တော်​မူ​ပါ။-

25 အ​သုံး​မ​ကျ​သူ၊ နာ​ဗ​လ​၏​စ​ကား​ကို​ဂ​ရု ပြု​တော်​မ​မူ​ပါ​နှင့်။ သူ​သည်​မိ​မိ​နာ​မည်​နှင့် လိုက်​အောင် မိုက်​မဲ​သူ​ဖြစ်​ပါ​၏။ အ​ရှင်၊ အ​ရှင့်​အ​စေ​ခံ​များ​လာ​ရောက်​ချိန်​က အိမ်​တွင်​ကျွန်​မ​မ​ရှိ​ပါ။-

26 ရန်​သူ​များ​ကို​အ​ရှင်​ကိုယ်​တိုင်​သတ်​ဖြတ်​၍ လက် စား​ချေ​မှု​ကို​မ​ပြု​ရန်​ဆီး​တား​တော်​မူ​သူ​မှာ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ အ​ရှင်​၏ ရန်​သူ​များ​သည်​လည်း​ကောင်း၊ အ​ရှင့်​အား​ဘေး အန္တ​ရာယ်​ပြု​လို​သူ​အ​ပေါင်း​တို့​သည်​လည်း ကောင်း နာ​ဗ​လ​ကဲ့​သို့​ပင်​အ​ပြစ်​ဒဏ်​စီ​ရင် ခြင်း​ကို​ခံ​ရ​ကြ​ပါ​စေ​သော​ဟု အ​သက်​ရှင် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည် ၍​ကျွန်​မ​ကျိန်​ဆို​ပါ​၏။-

27 အ​ရှင်၊ အ​ရှင်​၏​ထံ​သို့​ကျွန်​မ​ယူ​ဆောင်​လာ သော​လက်​ဆောင်​များ​ကို​ကျေး​ဇူး​ပြု​၍ လက်​ခံ​ပြီး​လျှင် အ​ရှင်​၏​လူ​တို့​အား​ပေး တော်​မူ​ပါ။-