၁ ရာ 25:27-33 BCL

27 အ​ရှင်၊ အ​ရှင်​၏​ထံ​သို့​ကျွန်​မ​ယူ​ဆောင်​လာ သော​လက်​ဆောင်​များ​ကို​ကျေး​ဇူး​ပြု​၍ လက်​ခံ​ပြီး​လျှင် အ​ရှင်​၏​လူ​တို့​အား​ပေး တော်​မူ​ပါ။-

28 ကျွန်​မ​ပြု​မိ​ခဲ့​သော​အ​မှား​အ​တွက်​အ​ပြစ် လွှတ်​တော်​မူ​ပါ။ အ​ရှင်​သည်​ထာ​ဝ​ရ​ဘု​ရား ၏​စစ်​ပွဲ​များ​ကို​ဆင်​နွှဲ​လျက်​ရှိ​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​သည်​အ​ရှင်​နှင့်​အ​ရှင့်​သား​မြေး​တို့​အား မင်း​မြှောက်​တော်​မူ​ပါ​လိမ့်​မည်။ အ​ရှင်​၌​လည်း အ​သက်​ထက်​ဆုံး​ဘေး​ရောက်​မည်​မ​ဟုတ်​ပါ။-

29 အ​ကယ်​၍​တစ်​စုံ​တစ်​ယောက်​သော​သူ​သည် အ​ရှင့်​အား​တိုက်​ခိုက်​သတ်​ဖြတ်​ရန်​ကြိုး​စား ပါ​မူ လူ​သည်​အ​ဖိုး​ထိုက်​သည့်​ရ​တ​နာ​ကို လုံ​ခြုံ​စွာ​သိမ်း​ဆည်း​ထား​တတ်​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင်​၏​အ​သက်​ကို လည်း​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​ပါ​လိမ့် မည်။ အ​ရှင်​၏​ရန်​သူ​တို့​ကို​မူ​ကား လူ​သည် ကျောက်​ခဲ​ကို​လောက်​လွှဲ​ဖြင့်​ပစ်​ထုတ်​သ​ကဲ့ သို့​ကိုယ်​တော်​ပစ်​ထုတ်​တော်​မူ​ပါ​လိမ့်​မည်။-

30 ထာ​ဝ​ရ​ဘု​ရား​သည်​မိမိ​က​တိ​ထား​တော်​မူ သ​မျှ​သော​ကောင်း​ကျိုး​ချမ်း​သာ​များ​ကို အ​ရှင် အား​မု​ချ​ပေး​တော်​မူ​၍​ဣ​သ​ရေ​လ​ဘု​ရင် အ​ဖြစ်​ဖြင့်​ဘိ​သိက်​သွန်း​တော်​မူ​သော​အ​ခါ၊-

31 အ​ရှင်​သည်​မိ​မိ​ပြု​ခဲ့​သည့်​လက်​စား​ချေ​မှု​နှင့် အ​ကြောင်း​မဲ့​သတ်​ဖြတ်​မှု​တို့​အ​တွက်​ဝမ်း​နည်း ရ​လိမ့်​မည်​မ​ဟုတ်​ပါ။ နောင်​တ​ရ​ရန်​အ​ကြောင်း လည်း​ရှိ​လိမ့်​မည်​မ​ဟုတ်​ပါ။ အ​ရှင်​ပြု​သည့်​အ​မှု မှန်​သ​မျှ​ကို​ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး တော်​မူ​သော​အ​ခါ ကျွန်​တော်​မ​အား​သ​တိ​ရ တော်​မူ​ပါ။''

32 ဒါ​ဝိဒ်​က​လည်း``ယ​နေ့​သင့်​အား​ငါ့​ထံ​သို့ စေ​လွှတ်​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘုရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။-

33 လူ​သတ်​မှု​နှင့်​လက်​စား​ချေ​မှု​တို့​ကို​မ​ပြု​မိ စေ​ရန် သင်​သည်​ယ​နေ့​အ​မြော်​အ​မြင်​ကြီး​စွာ ဖြင့် ငါ့​အား​ဆီး​တား​ခဲ့​သည့်​အ​တွက်​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ပါ​၏။-