၁ ရာ 25:38-44 BCL

38 ဆယ်​ရက်​ခန့်​ကြာ​သော်​ထာ​ဝ​ရ​ဘု​ရား​ဒဏ် ခတ်​တော်​မူ​သ​ဖြင့်​နာ​ဗ​လ​ကွယ်​လွန်​လေ​၏။

39 ဒါ​ဝိဒ်​သည် နာ​ဗ​လ​ကွယ်​လွန်​ကြောင်း​ကြား သိ​ရ​သော​အ​ခါ``ထာ​ဝ​ရ​ဘု​ရား​သည်​မင်္ဂ လာ​ရှိ​တော်​မူ​ပါ​စေ​သ​တည်း။ ကိုယ်​တော် သည်​နာ​ဗ​လ​ငါ့​ကို​စော်​ကား​သည့်​အ​တွက် လက်​စား​ချေ​တော်​မူ​၍​ကိုယ်​တော်​၏​အ​စေ​ခံ ငါ့​ကို​လည်း​မိုက်​မှား​မှု​မ​ပြု​ရန်​ဆီး​တား တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​နာ​ဗ​လ ပြု​သည့်​ဒု​စ​ရိုက်​အ​တွက် သူ့​ကို​ဒဏ်​ခတ် တော်​မူ​လေ​ပြီ'' ဟု​မြွက်​ဆို​၏။ထို​နောက်​ဒါ​ဝိဒ်​သည်​အ​ဘိ​ဂဲ​လ​အား မိ​မိ နှင့်​ထိမ်း​မြား​မင်္ဂ​လာ​ပြု​ရန်​လူ​လွှတ်​၍​စ​ကား ကမ်း​လှမ်း​လိုက်​လေ​သည်။-

40 သူ​၏​အ​စေ​ခံ​တို့​သည်​က​ရ​မေ​လ​မြို့​သို့ သွား​ပြီး​လျှင် အ​ဘိ​ဂဲ​လ​အား``ဒါ​ဝိဒ်​သည် သ​ခင်​မ​နှင့်​ထိမ်း​မြား​လက်​ထပ်​လို​သ​ဖြင့် သ​ခင်​မ​အား​ခေါ်​ဆောင်​ခဲ့​ရန်​ကျွန်​တော်​တို့ အား​စေ​လွှတ်​လိုက်​ပါ​သည်'' ဟု​ပြော​ကြား ကြ​၏။

41 အ​ဘိ​ဂဲ​လ​သည် မြေ​သို့​တိုင်​အောင်​ဦး​ညွှတ် ပြီး​လျှင်``ကျွန်​မ​သည်​ထို​သခင်​၏​အ​စေ​ခံ ဖြစ်​သ​ဖြင့် သူ့​အ​စေ​ခံ​များ​၏​ခြေ​ကို​ပင် ဆေး​ရန်​အ​သင့်​ရှိ​ပါ​၏'' ဟု​ဆို​ကာ၊-

42 လျင်​မြန်​စွာ​ထ​၍​မြည်း​ကို​စီး​လေ​၏။ ထို နောက်​အ​မျိုး​သ​မီး​အ​စေ​ခံ​ငါး​ယောက် ကို​ခေါ်​၍ ဒါ​ဝိဒ်​၏​စေ​တ​မန်​များ​နှင့်​အ​တူ လိုက်​သွား​ပြီး​လျှင် ဒါ​ဝိဒ်​၏​ဇ​နီး​အ​ဖြစ် ခံ​ယူ​လေ​သည်။

43 ဒါ​ဝိဒ်​သည်​ယေ​ဇ​ရေ​လ​မြို့​သူ အ​ဟိ​နောင် နှင့်​ထိမ်း​မြား​မင်္ဂ​လာ​ပြု​ထား​ပြီး​ဖြစ်​သော် လည်း ယ​ခု​အဘိ​ဂဲ​လ​အား​လည်း​မိ​မိ​၏ ဇ​နီး​အ​ဖြစ်​ဖြင့်​သိမ်း​ပိုက်​လိုက်​၏။-

44 ဤ​အ​တော​အ​တွင်း​၌​ရှော​လု​သည် ဒါ​ဝိဒ်​၏ ဇ​နီး​ဟောင်း၊ မိ​မိ​၏​သ​မီး​တော်​မိ​ခါ​လ အား​ဂလ္လိမ်​မြို့​မှ​လဲ​ရှ​၏​သား​ဖာ​လ​တိ​နှင့် ထိမ်း​မြား​ပေး​စား​ပြီး​ဖြစ်​သ​တည်း။