1 ဖိလိတ္တိအမျိုးသားတို့သည်မိမိတို့၏စစ် သည်အပေါင်းတို့ကို အာဖက်မြို့တွင်စုဝေး စေကြ၏။ ဣသရေလအမျိုးသားတို့က ယေဇရေလချိုင့်ဝှမ်းရှိစမ်းချောင်းအနီး တွင်စခန်းချကြ၏။-
2 ဖိလိတ္တိဘုရင်ငါးပါးတို့သည်မိမိတို့၏တစ် ရာတပ်၊ တစ်ထောင်တပ်များနှင့်ချီတက်လာကြ၏။ ဒါဝိဒ်တို့လူစုသည်နောက်တပ်မှအာခိတ်မင်း နှင့်အတူလိုက်ကြ၏။-
3 ဖိလိတ္တိတပ်မှူးတို့သည်သူတို့ကိုမြင်လျှင်``ဤ ဟေဗြဲအမျိုးသားတို့သည်အဘယ်ကြောင့်ငါ တို့နှင့်အတူလိုက်လာကြသနည်း'' ဟုမေး၏။အာခိတ်က``သူသည်ဣသရေလဘုရင်ရှောလု ၏အစေခံဒါဝိဒ်ဖြစ်၏။ ငါ့ထံတွင်နေထိုင် လျက်ရှိသည်မှာကာလအတော်ကြာပါပြီ။ ငါ့ဘက်သို့ဝင်ရောက်လာသည့်နေ့မှစ၍သူ ၏အပေါ်တွင်အပြစ်ဆိုစရာတစ်စုံတစ်ခု မျှမတွေ့ရပါ'' ဟုပြော၏။
4 သို့ရာတွင်ဖိလိတ္တိတပ်မှူးတို့သည်အာခိတ် ကိုစိတ်ဆိုး၍``ထိုသူ့အားသင်ပေးအပ်ထား သည့်မြို့သို့ပြန်လွှတ်လိုက်လော့။ ငါတို့နှင့် အတူစစ်တိုက်ရာသို့မလိုက်စေနှင့်။ စစ် တိုက်နေစဉ်သူသည်ငါတို့အားရန်မူကောင်း ရန်မူပါလိမ့်မည်။ သူသည်မိမိအရှင့်ထံတွင် ပြန်၍မျက်နှာရအောင်ပြုလုပ်နိုင်သည့် နည်းမှာငါတို့လူများကိုသတ်သောနည်း ထက်ပို၍ကောင်းသောနည်းရှိပါသလော။-
5 အမျိုးသမီးတို့သည်ကခုန်လျက်`ရှောလု သတ်သူအထောင်ထောင်၊ ဒါဝိဒ်သတ်သူအသောင်း သောင်း' ဟုသီဆိုခဲ့ရာတွင်ဤဒါဝိဒ်၏အကြောင်း ကိုသီဆိုခြင်းပင်မဟုတ်ပါလော'' ဟုဆိုကြ ၏။