၁ ရာ 3:1-5 BCL

1 သူ​ငယ်​ရှ​မွေ​လ​သည်​ဧ​လိ​ညွှန်​ကြား​မှု​ကို ခံ​ယူ​ကာ ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု​တော်​ကို ထမ်း​ဆောင်​လျက်​နေ​၏။ ထို​ကာ​လ​၌​ထာ​ဝ​ရ ဘု​ရား​ထံ​မှ​ဗျာ​ဒိတ်​တော်​များ​ကို​များ​စွာ မ​ကြား​ရ​ကြ။ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကို လည်း​မြင်​တွေ့​ရ​မှု​နည်း​ပါး​လေ​သည်။-

2 တစ်​ည​သ​၌​မျက်​စိ​အ​လင်း​ကွယ်​လု​နီး​ပါး ရှိ​သော​ဧ​လိ​သည် မိ​မိ​၏​အ​ခန်း​တွင်​အိပ်​စက် လျက်​နေ​၏။-

3 ရှ​မွေ​လ​မူ​ကား​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှိ​ရာ တဲ​တော်​တွင်​အိပ်​လျက်​နေ​သ​တည်း။ အ​ရုဏ် မ​တက်​သေး​သ​ဖြင့် မီး​ခွက်​ကို​မ​ငြိမ်း​မ​သတ် ရ​သေး​မီ​အ​ချိန်​၌၊-

4 ထာ​ဝ​ရ​ဘု​ရား​သည်​ရှ​မွေ​လ​အား​ခေါ် တော်​မူ​၏။ ရှ​မွေ​လ​က​လည်း``ရှိ​ပါ​သည် အ​ရှင်'' ဟု​ထူး​ပြီး​လျှင်၊-

5 ဧ​လိ​ထံ​သို့​ပြေး​၍​သွား​ကာ``အ​ရှင်​ခေါ် သ​ဖြင့် ကျွန်​တော်​လာ​ပါ​ပြီ'' ဟု​လျှောက်​၏။သို့​ရာ​တွင်​ဧ​လိ​က``သင့်​ကို​ငါ​မ​ခေါ်။ ပြန်​၍ အိပ်​လော့'' ဟု​ဆို​၏။ သို့​ဖြစ်​၍​ရှ​မွေ​လ​သည် ပြန်​၍​အိပ်​လေ​၏။