၁ ရာ 3:11-17 BCL

11 ထာ​ဝ​ရ​ဘု​ရား​က``တစ်​နေ့​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ငါ​ပြု​မည့် အ​မှု​သည်​လွန်​စွာ​ကြောက်​မက်​ဖွယ်​ကောင်း​သ​ဖြင့် ယင်း​အ​ကြောင်း​ကို​ကြား​သိ​ရ​သူ​လူ​အ​ပေါင်း တို့​သည်​ထိတ်​လန့်​၍​သွား​ကြ​လိမ့်​မည်။-

12 ထို​နေ့​ကျ​ရောက်​သော​အ​ခါ ငါ​သည်​ဧ​လိ​၏ အိမ်​ထောင်​စု​သား​တို့​အား​ဒဏ်​စီ​ရင်​မည်​ဟု မိန့်​တော်​မူ​ခဲ့​သည်​အ​တိုင်း အ​စ​မှ​အ​ဆုံး တိုင်​အောင်​ငါ​စီ​ရင်​မည်။-

13 သူ​၏​သား​တို့​သည်​ငါ့​အား​ပြစ်​မှား​ပြော​ဆို​ခဲ့ ကြ​သ​ဖြင့် ငါ​သည်​သူ​၏​အိမ်​ထောင်​စု​ကို​အ​ပြစ် ဒဏ်​စီ​ရင်​မည်​ဖြစ်​ကြောင်း​ဧ​လိ​အား​ပြော​ကြား ခဲ့​ပြီး​ဖြစ်​၏။ သူ​တို့​သည်​ဤ​သို့​သော​ဒု​စ​ရိုက် များ​ကို​ပြု​ကျင့်​လျက်​နေ​ကြောင်း​ကို​ဧ​လိ​သိ သော်​လည်း​သူ​တို့​အား​မ​တား​မြစ်။-

14 သို့​ဖြစ်​၍​အ​ဘယ်​ယဇ်​အ​ဘယ်​ပူ​ဇော်​သကာ​မျှ ဤ​ဆိုး​ရွား​သော​အ​ပြစ်​ကို​ဖြေ​လွတ်​အောင်​စွမ်း ဆောင်​နိုင်​လိမ့်​မည်​မ​ဟုတ်​ကြောင်း ငါ​သည်​ဧ​လိ အိမ်​ထောင်​စု​အား​အ​လေး​အ​နက်​မြွက်​ဆို​၏'' ဟု​မိန့်​တော်​မူ​၏။

15 ရှ​မွေ​လ​သည်​မိုး​လင်း​သည်​တိုင်​အောင်​အိပ် ရာ​တွင်​နေ​ပြီး​မှ ဘု​ရား​သ​ခင်​၏​အိမ်​တော် တံ​ခါး​များ​ကို​ဖွင့်​၏။ သူ​သည်​မိ​မိ​မြင်​ရ သည့်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အ​ကြောင်း​ကို​ဧ​လိ အား​မ​ပြော​ဝံ့။-

16 ဧ​လိ​က``ငါ့​သား​ရှ​မွေ​လ'' ဟု​ခေါ်​လျှင်၊``ရှိ​ပါ​သည်​အ​ရှင်'' ဟု​လျှောက်​၏။

17 ဧ​လိ​က``သင့်​အား​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့ မိန့်​တော်​မူ​သ​နည်း။ ငါ့​ထံ​မှ​အ​ဘယ်​အ​ရာ​ကို မျှ​ထိမ်​ဝှက်​၍​မ​ထား​နှင့်။ ဘု​ရား​သ​ခင်​မိန့် တော်​မူ​သ​မျှ​သော​အ​ရာ​တို့​ကို​ငါ့​အား မ​ဖော်​ပြ​ပါ​မူ ကိုယ်​တော်​သည်​သင့်​အား​ပြင်း ထန်​စွာ​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။-