၁ ရာ 3:17-21 BCL

17 ဧ​လိ​က``သင့်​အား​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့ မိန့်​တော်​မူ​သ​နည်း။ ငါ့​ထံ​မှ​အ​ဘယ်​အ​ရာ​ကို မျှ​ထိမ်​ဝှက်​၍​မ​ထား​နှင့်။ ဘု​ရား​သ​ခင်​မိန့် တော်​မူ​သ​မျှ​သော​အ​ရာ​တို့​ကို​ငါ့​အား မ​ဖော်​ပြ​ပါ​မူ ကိုယ်​တော်​သည်​သင့်​အား​ပြင်း ထန်​စွာ​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။-

18 ထို့​ကြောင့်​ရှ​မွေ​လ​သည်​အ​ဘယ်​အ​ရာ​ကို​မျှ ချန်​လှပ်​၍​မ​ထား​ဘဲ မိန့်​တော်​မူ​သ​မျှ​ကို​ပြန် ကြား​လျှောက်​ထား​လေ​၏။ ဧ​လိ​က``ကိုယ်​တော် သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။ အ​လို တော်​ရှိ​သည်​အ​တိုင်း​ပြု​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။

19 ရှ​မွေ​လ​သည်​ကြီး​ပြင်း​၍​လာ​၏။ ထာ​ဝ​ရ ဘု​ရား​သည်​သူ​နှင့်​အ​တူ​ရှိ​တော်​မူ​၍ ရှ​မွေ​လ ဖော်​ပြ​သ​မျှ​သော​အ​မှု​အ​ရာ​တို့​ကို​ဖြစ် ပျက်​စေ​တော်​မူ​၏။-

20 သို့​ဖြစ်​၍​ရှ​မွေ​လ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ရော​ဖက်​အ​မှန်​ပင်​ဖြစ်​ကြောင်း​ကို တိုင်း​ပြည် တစ်​စွန်း​မှ​တစ်​စွန်း​တိုင်​အောင်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သိ​ကြ​၏။-

21 ရှိ​လော​မြို့​သည်​ရှ​မွေ​လ​အား​ထာ​ဝ​ရ​ဘု​ရား ဗျာ​ဒိတ်​ပေး​တော်​မူ​ရာ​အ​ရပ်​ဖြစ်​၏။ ကိုယ်​တော် သည်​ထို​မြို့​တွင်​အ​ကြိမ်​ကြိမ်​ထင်​ရှား​တော် မူ​၏။ ရှ​မွေ​လ​မိန့်​ကြား​သည့်​အ​ခါ​များ​၌ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​နာ​ခံ ကြ​လေ​သည်။