၁ ရာ 4:11-17 BCL

11 ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည် ရန်​သူ​တို့​လက်​သို့​ကျ​ရောက်​သွား​၏။ ဧ​လိ ၏​သား​ဟော​ဖ​နိ​နှင့်​ဖိ​န​ဟတ်​တို့​နှစ်​ယောက် စ​လုံး​လည်း​အ​သတ်​ခံ​ရ​ကြ​၏။

12 ဗင်္ယာ​မိန်​အ​နွယ်​ဝင်​လူ​တစ်​ယောက်​သည် စစ်​မြေ မှ​လမ်း​တစ်​လျှောက်​လုံး​ပြေး​လာ​၏။ သူ​သည် ဝမ်း​နည်း​သော​အ​ထိမ်း​အ​မှတ်​ဖြင့်​အ​ဝတ် များ​ကို​ဆုတ်​ဖြဲ​ကာ ဦး​ခေါင်း​ပေါ်​တွင်​မြေ မှုန့်​တင်​လျက်​ရှိ​လော​မြို့​သို့​တစ်​နေ့​ချင်း ပင်​ရောက်​ရှိ​လာ​၏။-

13 ဧ​လိ​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အ​တွက် လွန်​စွာ​စိုး​ရိမ်​ပူ​ပန်​သ​ဖြင့် လမ်း​နံ​ဘေး​ရှိ မိ​မိ​၏​ထိုင်​ခုံ​ပေါ်​တွင်​ထိုင်​ကာ​အ​ကြောင် သား​ငေး​၍​နေ​၏။ ပြေး​လာ​သော​သူ​သည်​စစ် ရှုံး​သည့်​သ​တင်း​ကို မြို့​ထဲ​တွင်​ပြော​ကြား လိုက်​ရာ​လူ​အ​ပေါင်း​တို့​သည်​ထိတ်​လန့် လျက်​ဟစ်​အော်​ကြ​ကုန်​၏။-

14 ဧ​လိ​သည်​ထို​အော်​ဟစ်​သံ​ကို​ကြား​သော်``ဤ အ​သံ​ကား​အ​သို့​နည်း'' ဟု​မေး​၏။ ထို​သူ​သည် လည်း​ဧ​လိ​ထံ​သို့​အ​မြန်​လာ​ရောက်​ပြီး​လျှင် အ​ကျိုး​အ​ကြောင်း​ကို​လျှောက်​ထား​၏။-

15 (ဧ​လိ​ကား​ယ​ခု​အ​ခါ​အ​သက်​ကိုး​ဆယ် ရှစ်​နှစ်​ရှိ​၍ မျက်​စိ​ကွယ်​ခါ​နီး​ပြီ။-)

16 ထို​လူ​က``အ​ကျွန်ုပ်​သည်​ယ​နေ့​ပင်​စစ်​မြေ ပြင်​မှ​လွတ်​မြောက်​ကာ လမ်း​တစ်​လျှောက်​လုံး အ​ပြေး​လာ​ခဲ့​ပါ​၏'' ဟု​လျှောက်​၏။ဧ​လိ​က``ငါ့​သား၊ အ​ရေး​အ​ခင်း​ကား​မည် သို့​နည်း'' ဟု​မေး​၏။-

17 သ​တင်း​ယူ​ဆောင်​လာ​သူ​က``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့ ရှေ့​တွင်​တပ်​လန်​၍​ထွက်​ပြေး​ကြ​ပါ​၏။ ဤ စစ်​ပွဲ​တွင်​အ​ကျွန်ုပ်​တို့​သည် အ​ကြီး​အ​ကျယ် အ​ရေး​ရှုံး​နိမ့်​ကြ​ပါ​သည်​တ​ကား။ ထို့​အ​ပြင် အ​ရှင်​၏​သား​ဟော​ဖ​နိ​နှင့်​ဖိ​န​ဟတ်​တို့​သည် အ​သတ်​ခံ​ရ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ ညာဉ်​သေတ္တာ​တော်​သည်​လည်း ရန်​သူ​များ​၏ လက်​သို့​ကျ​ရောက်​သွား​ပါ​၏'' ဟု​လျှောက်​၏။